CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“အိုင်ဒါခ် တပ်ရင်းဟာ Chinland Council ကိုအပြည့်အဝထောက်ခံပြီး သူတို့ဖွဲ့စည်းတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး လုပ်ငန်းကဏ္ဍမှာ ပါဝင်ပူးပေါင်းသော CNA/CDFs တပ်ဖွဲ့များနဲ့လက်တွဲပြီး ပြည်တွင်းပြည်ပ ရှိ အိုင်ဒါခ်ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတယ်”လို့ ဆိုပါတယ်။

Zalen ad

အိုင်ဒါခ်တပ်ရင်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ရက်နေ့ အထိကျင်းပခဲ့တဲ့ CDF-Matupi ရဲ့ တတိယအကြိမ် ညီလာခံအစည်းအဝေးတက်ရောက်သူများရဲ့ ထောက်ခံချက်နဲ့ ဖွဲ့စည်းရပ် တည်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ် ပျက်သုန်းရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကာကွယ်စောင့် ရှောက်ရေး အမျိုးသားတန်းတူရေးနဲ့ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး မှာ အဆုံးတိုင်တိုက် ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

တစ်ချိန်တည်းမှာဘဲ မတူပီမြို့နယ် အခြေစိုက် ထိုင်ဖုမ်းပွီးမျိုးနွယ်စု တပ်ရင်းဖြစ်တဲ့ CDF-Matupi လင်းယုန်တပ်ရင်း က ၂၀၂၄ ခုနှစ် မေလ ၁၀ ရက်ကနေစပြီး ကာကွယ်ကဏ္ဍမှာ CDF-Matupi တပ်မဟာ ၁ နဲ့ ချင်းညီနောင်မှာ အပြည့်အဝ ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်ဖုမ်းပွီးဒေသ ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ CDF-Matupi လင်းယုန်တပ်ရင်းအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ထိုင်ဖုမ်းပွီးမျိုးနွယ်က ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ရဲန်ခဲန်း၊ ပါခဲန်း၊အမ်လိုင်း၊ တန်ကူ က နဲ့ ခ စတဲ့ ကျေးရွာ ၅ ရွာမှာ စာပေ၊ ယာဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ နဲ့ နေထိုင်တဲ့ ချင်းလူမျိုးနွယ်စု ဖြစ်တယ် လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်