CDM မလုပ်တဲ့ ကလေးမြို့ ခရိုင်ပညာရေးရုံးအနီး ဗုံးပေါက်ကွဲ

ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ ခရိုင်ပညာရေးရုံးအနီးတွင် ဒီနေ့(မေ၅) နေ့လည် ၂ နာရီခန့်က ‌ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

ခရိုင်ပညာရေးရုံးဟာ စတွောမ်ဘောလုံးကွင်းအနီး အ.ထ.က ၈ ကျောင်းရှေ့မှာရှိပါတယ်။

ယင်းရုံးက ဝန်ထမ်းတွေဟာ CDM မလုပ်ကြတာကြောင့် ရုံးကို ခဲနဲ့ထုတာတွေရှိခဲ့တာကြောင့် မကြာခင်က CCTV လည်းတပ်ထားပါတယ်။

စမ်းမြို့ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာနေထိုင်သူတစ်ဦးက “လွန်ခဲ့တဲ့ နာရီဝက်က အသံအကျယ်ကြီးကြားရပြီး အိမ်လည်းတုန်ခါသွားတယ်။ ငလျင်လှုပ်သလိုပဲ။ ပုံးကျသံလာလို့ထင်တာ”လို့ပြောပါတယ်။

ခုချိန်မှာ စစ်ကား ၂ စီးရောက်လာပြီး လုံခြုံရေးချထားပါတယ်။ထိခိုက်ပျက်ဆီးမှုကိုတော့ မသိရသေးပါ။

နောက်ဆုံးရသတင်းများ

အယုဒ္ဓယရဲ့ နောက်ဆုံးမျိုးဆက်တွေ နှစ်ပေါင်း ၂၆၀ ကြာမှ ရောက်ရှိခဲ့တဲ့ အိမ်ပြန်ခရီး

အောက်တိုဘာ ၁၈၊ ၂၀၂၅ Zalen ယိုးဒယား-မြန်မာစစ်ပွဲအတွင်း အင်းဝကို စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရတဲ့ အယုဒ္ဓယတို့ရဲ့ မျိုးဆက် ခုနှစ်ခုမြောက် နောက်ဆုံး လက်ကျန် မျိုးဆက်တွေဟာ အယုဒ္ဓယကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပါတယ်။ အယုဒ္ဓယသားတို့ရဲ့ မျိုးဆက်တွေ ...

ဆက်ဖတ်ရန်