CNF က တိုက်ပွဲဖော်ဆောင်လို့ မတူပီနဲ့ ထန်တလန်‌မြို့တွေ ပျက်စီးရကြောင်း စစ်ခေါင်းဆောင်ပြော

၅၊ ဩဂုတ်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNF)အဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေး (PDF) တွေနဲ့ပေါင်းပြီး ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊မင်းတပ်နဲ့ ထန်တလန်မြို့တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း ရမခ စစ်ဌာနချုပ်ကို ဆုံးရှုံးခဲ့ရပြီနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကြိုတင်ကြေညာတာမရှိဘဲ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တဆင့် ဒီကနေ့ သြဂုတ် ၅ ရက်ညနေပိုင်းမှာ မိန့်ခွန်းပြောခဲ့ရာမှာ ထည့်သွင်း‌ ပြောဆိုခဲ့တာပါ။

” CNF အဖွဲ့ဟာဆိုရင်လည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်လိုကြတဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ လူမှုဘ၀များ ထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့ မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။ ” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA ကိုလက်မှတ်ထိုးထား‌ပေမဲ့ သဘောတူညီချက်တွေကိုဖောက်ဖျက်ခဲ့ပြီး PDF တွေကို စစ်သင်တန်းနဲ့ လက်နက်တပ်ဆင်တာတွေကို ပြုလုပ်ပေးခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

KNU အနေနဲ့ တပ်မဟာ ၁ ၊ ၃ နဲ့ ၅ တို့ ပူးပေါင်းပြီး စစ်တောင်းမြစ်တဝိုက်မှာ တိုက်ပွဲဖော်ဖို့ လက်ရှိ ကေအန်ယူ ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်တို့က ကြံစည်နေတယ်လို့ ‌သတင်းရထားတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက် မှာ MNDAA – ကိုးကန့်တပ်အပါအဝင် ညီနောင် ၃ ဖွဲ့ အသုံးပြုတဲ့ ဒရုန်း၊ ဒရော့ဗုံးနဲ့ ရှော့တိုက်ဒုံးတွေဟာ အဆင်မြင့်နည်းပညာတွေသုံးပြီး ပြုပြင်သုံးစွဲထားသလို ကြေးစားတပ်တွေရဲ့ နည်းပညာထောက်ပံ့ကူညီမှုတွေရနေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်ရှိ ဖော်ဆောင်နေတဲ့ စစ်ရေးတွေမှာ ပြင်ပရဲ့ ပါဝင်ပတ်သက်မှုတွေရှိနေပြီး မြန်မာ – တရုတ်နဲ့ နယ်စပ်တွေက တိုင်းရင်းသားနယ်မြေ အချို့မှာ စစ်သင်တန်းပေးတာတွေနဲ့ လက်နက်စက်ရုံတွေထူထောင်ထားပြီး အဲဒီကနေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေထုတ်နေတာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းက လက်နက်ကိုင်တပ်တွေ သုံးနေတဲ့ လက်နက်တွေက ထိုင်း – မြန်မာနယ်စပ်မှောင်ခိုလမ်းကြောင်းတွေက‌နေ ဝင်ရောက်နေပြီး ငွေကြေး၊ ဆေးဝါး၊ နည်းပညာတွေကို နိုင်ငံတကာက ထောက်ပံ့နေတယ်လို့စစ်‌‌ခေါင်းဆောင်က ပြောထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်