CNF/CC နဲ့ စစ်ကောင်စီတပ်တို့ အပေးအယူပြုလုပ်ဖို့ ယာယီလေယာဥ်ကွင်း တည်ဆောက်ဆိုတဲ့ သတင်းအမှား

ဧပြီ ၂၉ ရက်၊ ၂၀၂၅။

Zalen

ချင်းပြည်နယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းပြည်ကောင်စီ (CC) တို့ဟာ စစ်ကောင်စီတပ်နဲ့ အပေးအယူပြုလုပ်ဖို့လွယ်ကူအောင် ယာယီလေယာဥ်ကွင်းတည်ဆောက်ထားတယ်လို့ Chan Te အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ​ဧပြီလ ၂၅ ရက်နေ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ချီနေပါတယ်။

Chan Te ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က “CNF/CC က စစ်ကောင်စီတပ်နဲ့ အပေးအယူလုပ်ဖို့လွယ်အောင်  ယာယီလေယာဥ်ကွင်း တည်ဆောက်တယ်။ ထင်မထားဘူး။”ဆိုပြီး သူရဲ့ လှုမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ချီနေပါတယ်။

မူးရင်းသတင်းလင့်ခ်

https://archive.ph/3Felt

အဲဒီရေးသားဖြန့်ချီထားတဲ့ ပိုစ်ကို ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်အချိန်ထိ Reaction ပေးသူ ၈၉ ဦး၊ Comments ၂၀ ခု နဲ့ Share လုပ်ထားသူ ၉ ခုရှိပါတယ်။

စိစစ်တွေ့ရှိချက်

========

Zalen – Fact Checking Teams က စိစစ်ကြည့်တဲ့အခါ CNF/CC တို့ဟာ စစ်ကောင်စီတပ်နဲ့ အပေးအယူပြုလုပ်ဖို့လွယ်ကူအောင် ယာယီလေယာဥ်ကွင်းတစ်ခုကို ချင်းပြည်နယ်မှာ တည်ဆောင်ထားတယ်ဆိုတာ မတွေ့ရှိရပါဘူး။

CNF/CC တို့ဟာ စစ်ကောင်စီတပ်နဲ့ အပေးယူပြုလုပ်ဖို့လွယ်ကူအောင် ချင်းပြည်နယ်မှာ ယာယီလေယာဥ်ကွင်း တည်ဆောက်ဆိုတဲ့ အခြေမြစ်မရှိ သတင်းအမှားဖြန့်ချီနေတာဖြစ်တယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

“စစ်တပ်အာဏာမသိမ်းခင်က ကျတော်တို့ CNF/CNA ဟာ ငြိမ်းချမ်းရေး NCA လက်မှတ်ရေးထိုးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကျတော်တို့က ပြည်သူနဲ့ရပ်တည်ပြီး ပြည်သူ့တော်လှန်ရေး လုပ်မယ်ဆိုပြီး တရားဝင်ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ စကစ ကနေလည်း NCA လက်မှတ်ရေးထိုးထားတဲ့ CNA ဟာ သူတို့ကို တိုက်ခိုက်နေတယ်လို့ တရားဝင် ပြောဆိုထားတယ်။ ကျတော်တို့လည်း စကစကို နွေဦးတော်လှန်ရေးနဲ့အတူ တောက်လျောက်ဆင်နွှဲနေပါတယ်။ ဒီလိုအခြေအနေမှာ CNF/CC ဟာ စကစနဲ့ အပေးယူလုပ်ဖို့ ချင်းပြည်နယ်မှာ လေယာဥ်ကွင်းတည်ဆောက်တယ်ဆိုတဲ့ အခြေမြစ်မရှိ၊ နေရာ သက်သေ အထောက်အထားမရှိ လုပ်ကြံထားတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။”လို့ သူက ဆိုပါတယ်။

နိုင်ငံရေး၊ အဖွဲ့အစည်း ရပ်တည်ချက်မတူတဲ့ လူတစ်ဦးတစ်ယောက်က CNF/CC ပုံရိပ်ကျဆင်းအောင် ပြည်သူတွေကြား အခြေမြစ်မရှိ သတင်းအမှား ရေးသားဖြန့်ဝေနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ချင်းလူငယ်တစ်ဦးက ပြောပါတယ်။

“အရင်က ပြောခဲ့သလိုပဲ။ ကျတော်တို့ ချင်းပြည်နယ်မှာ ရည်တည်ချက်မတူညီတဲ့ နိုင်ငံရေး အဖွဲ့စည်းတွေရှိကြတယ်။ ဒီလိုမတူညီကွဲပြားနေတဲ့ခါ နှစ်ဖက်ထောက်ခံသူတွေက တခြားအဖွဲ့အစည်းတွေကို ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုလျော့နည်းလာအောင် ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့တိုက်ခိုက်လာတော့တယ်။ ဒါဟာ လုံးဝ မဖြစ်သင့်ဘဲ ခြင်ဆင်ရမှာပေါ့နော်။ အဖွဲ့အစည်းရပ်တည်ချက် မတူတာနဲ့ ကျတော်တို့က ရန်သူလို သတ်မှတ်၍မရဘူး။ လူတိုင်းကိုယ့်မှာရွေးချယ်ခွင့်ရှိပါတယ်။ ဒီလိုတိုက်ခိုက်တဲ့ထဲ အဆိုးဆုံးက စကစနဲ့ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုတာပေါ့နော်။ ဒါဟာ အခြေမြစ်မရှိ၊ လုပ်ကြံဖန်တီးထားတယ်ဆိုတာ လူတိုင်းသိပေမယ့် မလုပ်သင့်ဘူးပေါ့နော်။ “လို့ သူက ဆိုပါတယ်။

Chan Te အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရဲ့ ဖြန့်ချိထားတဲ့ ပိုစ်းထဲက ဓာတ်ပုံနဲ့ စာသားတွေကို Zalen Fact – Checking Teams က Google map ကနေ အနီးစပ်ဆုံး ရှာဖွေကြည့်ရာမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက လယ်ကွင်းတစ်ခုကိုတွေ့ရပြီး လေယာဥ်ကွင်းကို မတွေ့ရပါဘူး။

ဒါကြောင့် ဖလမ်းမြို့နယ်ဒေသခံတစ်ဦးကို မေးမြန်ရာမှာ “အဲ့နေရာမှာ အရင်ကတည်းက လယ်ကွင်းရှိပါတယ်။ အခုမှတင်မဟုတ်ဘူး။ အခုမှ လေယာဥ်ဆောက်တာဆိုပြီး ပေါ်တာမဟုတ်ပါဘူး။ အရင်ကလည်း အဲနေရာကို Google map ရိုက်ရှာကြည့်ရင် အမျိုးမျိုးပေါ်တယ်။ လေယာဥ်ကွင်းလိုလို လယ်ကွင်းလိုလို တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် Google map ကလည်း အတိကျ မပြဘူး။ အဲဒါ လေယာဥ်မဟုတ်ဘူး။ လယ်ကွင်းပဲဖြစ်ပါတယ်။ ကျတော်တို့လည်း အရင်က မကြခဏ ရောက်ပါတယ်။” လို့ သူက ဆိုပါတယ်။

သုံးသပ်ချက်

========

အထက်ပါ တာဝန်ရှိသူတွေ၊ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ Google map ကနေ ရှာဖွေကြည့်ရာ ချင်းပြည်နယ်မှာ CNF/CC နဲ့ စစ်ကောင်စီတပ်တို့ အပေးအယူပြုလုပ်ဖို့ ယာယီလေယာဥ်ကွင်း တည်ဆောက်ဆိုတာ မတွေ့ရှိရပါဘူး။

ဒါ့ကြောင့် Chan Te အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်