CNO/CNDF-UCR တရားစီရင်ရေးဌာနက အမှု ၁၄ မှုဖြေရှင်းခဲ့

ကလေးကဘော်အခြေစိုက် CNO/CNDF-UCR အဖွဲ့ တရားစီရင်ရေးဌာနက ဇွန်လအတွင်း အမှု ၁၄ မှု ကိုစီရင်ချက်ချမှတ်နိုင်ခဲ့တယ်လို့ CNO/CNDF-UCRက သတင်းထုတ်ပြန်ထားပါတယ်။

၎င်းတို့ဖော်ပြချက်အရ အမှု ၁၀ မှုမှာ မူးယစ်ဆေးဝါးမှုဖြစ်ပြီး သုံးစွဲမှု ၅ မှုကို ထောင်ဒဏ် ၃ လမှ ၂ လအထိအမိန့်ချမှတ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးရောင်းချမှု ၅ မှုကိုတော့ အများဆုံးထောင်ဒဏ် ၅ လမှ ၂လအထိအပြင် ဒဏ်ငွေ သိန်း ၅၀မှ ၃ သိန်းအထိ အမိန့်ချမှတ်ခဲ့ပါတယ်။

အခြားအမှု ၄မှုမှာ လယ်မြေအငြင်းပွားမှုတွေဖြစ်ပြီး ၎င်းအမှုများကို ချင်းအက်ဥပဒေဖြင့် ပြေလည်အောင်ဖြေရှင်းပေးခဲ့ကြပါတယ်။

ဖမ်းမိထားတဲ့ မူးယစ်ဆေးဝါး ဆပ်ပြာဗူး ၁၇ ဗူးကိုလည်း မီးရှို့ဖျက်ဆီးသွားပြီလို့သိရတယ်။

 အခုလို ထောင်ဒဏ်အနည်းငယ်သာချမှတ်ခြင်းနဲ့ပတ်သက်ပြီး တရားစီရင်ရေးဌာနတာဝန်ခံတစ်ဦးက “

 နယ်မြေလုံခြုံရေးအရ အချိန်ကြာထိန်းသိမ်းလို့အဆင်မပြေတာကြောင့်” လို့ပြောပါတယ်။

ကျန်ရှိနေတဲ့ အမှုများကိုလည်း အမြန်ဆုံးစီရင်ချက်ချကာ အများပြည်သူသိအောင် ဖော်ပြပေးပါမယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်