COVID-19 ကြောင့် ဇိုမီးဂီတပွဲတော်ကို မေလသို့ ရွေ့ဆိုင်း

မတ်လကုန်တွင်ကျင်းပဖို့ စီစဉ်ထားတဲ့ ဇိုမီးဂီတပွဲတော်ကို ဒီနေ့ နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်ကြောင့် မေလတွင် ရွေးဆိုင်းသွားမယ်လို့ ပွဲစီစဉ်သူ ကိုဂျေကေဂင်ပီးထံမှသတင်းရရှိပါတယ်။

နိုင်ငံတော်သမ္မတရုံးက မတ်လ (၁၃)ရက် နေ့စွဲနဲ့ COVID-19 ဟာ လူစုလူဝေးများပြားရာနေရာများတွင် လျှင်မြန်စွာကူးစက်နိုင်တဲ့တွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပတဲ့ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီးကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်ဖြစ်ပါတယ်။ ထိုသို့ အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ယနေ့မှစ၍ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၃၀ရက်ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကိုလည်း သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီးလိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်သွားမယ်လို့ဖော်ပြထားပါတယ်။

ဇိုမီးဂီတပွဲစီစဉ်သူ ကိုဂျေကေဂင်ပီးက “ဒါက သမ္မတရဲ့ အမိန့်ဆိုတော့ ငြင်းလို့မရဘူးလေ။ မေလထဲပြန်ရွေ့ချင်တာ။ ရက်တိကျပြောလို့မရသေးဘူး။ ဧပြီလကုန်ထိဆိုရင်တော့ မေလ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်လည်းဖြစ်နိုင်တယ်။ ပွဲအတွက် စက်ပစ္စည်းတွေက စရံငွေတွေလည်း အကုန်စီစဉ်ပြီးသားဆိုတော့ ပွဲပျက်လို့မရဘူး။ အတီးသမားတွေ ရက်ပြန်ရွေ့တော့ အဆင်ပြေကြမလာ မသေချာတော့ဘူး။ ဒါပေမယ့် အားလုံးကိုတော့ရအောင်ပြန် ခေါ်မှာပါ” လို့ပြောပါတယ်။

(၄)ကြိမ်မြောက် ဇိုမီးဂီတပွဲတော်ကို မတ်လ (၃၁)ရက်ညတွင် ကလေးမြို့ မှာ ဂီတသမား (၁၂)ဦးနဲ့ ချင်းအဆိုတော်တွေအပြင် Metal Zone က ဂီတသမား ဇော်လတ် တို့ကိုအထူးဧည့်သည်အဖြစ်ဖိတ်ကြားကာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Zalen ad

(Zawgyi)

COVID-19 ေၾကာင့္ ဇိုမီးဂီတပြဲေတာ္ကို ေမလသို႔ ေ႐ြ႕ဆိုင္း

မတ္လကုန္တြင္က်င္းပဖို႔ စီစဥ္ထားတဲ့ ဇိုမီးဂီတပြဲေတာ္ကို ဒီေန႔ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ေၾကညာခ်က္ေၾကာင့္ ေမလတြင္ ေရြးဆိုင္းသြားမယ္လို႔ ပြဲစီစဥ္သူ ကိုေဂ်ေကဂင္ပီးထံမွသတင္းရရွိပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံးက မတ္လ (၁၃)ရက္ ေန႔စြဲနဲ႔ COVID-19 ဟာ လူစုလူေဝးမ်ားျပားရာေနရာမ်ားတြင္ လွ်င္ျမန္စြာကူးစက္ႏိုင္တဲ့တြက္ ျပည္သူလူထုအေနျဖင့္ လူစုလူေဝးျဖင့္က်င္းပတဲ့ အခမ္းအနားမ်ား၊ ပြဲလမ္းသဘင္မ်ား (ျမန္မာ့႐ိုးရာသၾကၤန္ပြဲေတာ္အတြက္ မ႑ပ္ေဆာက္လုပ္ၿပီးက်င္းပျခင္းအပါအဝင္) မျပဳလုပ္ၾကရန္ျဖစ္ပါတယ္။ ထိုသို႔ အခမ္းအနားမ်ား၊ ပြဲလမ္းသဘင္မ်ားကို ယေန႔မွစ၍ ၂၀၂၀ျပည့္ႏွစ္၊ ဧၿပီလ ၃၀ရက္ထိ က်င္းပခြင့္မျပဳဘဲ ရပ္ဆိုင္းထားေရးကိုလည္း သက္ဆိုင္ရာဌာနမ်ားသို႔ ၫႊန္ၾကားထားၿပီးလိုအပ္ပါက ရပ္ဆိုင္းကာလကို ထပ္မံတိုးျမႇင့္သတ္မွတ္သြားမယ္လို႔ေဖာ္ျပထားပါတယ္။

ဇိုမီးဂီတပြဲစီစဥ္သူ ကိုေဂ်ေကဂင္ပီးက “ဒါက သမၼတရဲ႕ အမိန႔္ဆိုေတာ့ ျငင္းလို႔မရဘူးေလ။ ေမလထဲျပန္ေ႐ြ႕ခ်င္တာ။ ရက္တိက်ေျပာလို႔မရေသးဘူး။ ဧၿပီလကုန္ထိဆိုရင္ေတာ့ ေမလ ပထမပတ္ ဒါမွမဟုတ္ ဒုတိယပတ္လည္းျဖစ္ႏိုင္တယ္။ ပြဲအတြက္ စက္ပစၥည္းေတြက စရံေငြေတြလည္း အကုန္စီစဥ္ၿပီးသားဆိုေတာ့ ပြဲပ်က္လို႔မရဘူး။ အတီးသမားေတြ ရက္ျပန္ေ႐ြ႕ေတာ့ အဆင္ေျပၾကမလာ မေသခ်ာေတာ့ဘူး။ ဒါေပမယ့္ အားလုံးကိုေတာ့ရေအာင္ျပန္ ေခၚမွာပါ” လို႔ေျပာပါတယ္။

(၄)ႀကိမ္ေျမာက္ ဇိုမီးဂီတပြဲေတာ္ကို မတ္လ (၃၁)ရက္ညတြင္ ကေလးၿမိဳ႕ မွာ ဂီတသမား (၁၂)ဦးနဲ႔ ခ်င္းအဆိုေတာ္ေတြအျပင္ Metal Zone က ဂီတသမား ေဇာ္လတ္ တို႔ကိုအထူးဧည့္သည္အျဖစ္ဖိတ္ၾကားကာ က်င္းပဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်