Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆

Zalen

Zalen ad

သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။

ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် (label) တွင်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဦးနှောက်အကျိတ် ဖြစ်နိုင်ခြေ ဆိုင်ရာ သတိပေးချက် ထည့်သွင်းခွင့်ပြုထားကြောင်း သိရပါတယ်။ ယင်းကို U.S. Food and Drug Administration (FDA) က ခွင့်ပြုထားခြင်းဖြစ်ပြီး “Black Box Warning” အဆင့်တော့ မဟုတ်သေးပါဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်တွင်လည်း ဆေးအသုံးပြုပြီးနောက် ဦးနှောက်အကျိတ် ဖြစ်ပွားခဲ့သည်ဟု ဆိုကာ တရားစွဲဆိုမှုများ ရှိလာနေကြောင်း နိုင်ငံတကာသတင်းဆေးဝါးဝက်ဘ်ဆိုက် pharmaceutical technology တွင် ဖော်ပြထားပါတယ်။

ကျန်းမာရေးပညာရှင်များက Depo-Provera ကို လုံးဝ မသုံးသင့်တော့ဟု မကြေညာသေးသော်လည်း အသုံးပြုမည့်သူများအနေဖြင့် အကျိုးအန္တရာယ် နှိုင်းယှဉ်စဉ်းစားကာ ကျွမ်းကျင်ဆရာဝန်နဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ကြောင်း အကြံပြုထားပါတယ်။

ဆေးအသုံးပြုသူများအနေဖြင့် ခေါင်းကိုက်ပြင်းထန်ခြင်း၊ မျက်လုံးမြင်ကွင်း ပြောင်းလဲခြင်း၊ ခေါင်းမူးခြင်း၊ လက်/ခြေ တုန်ခြင်း၊ အေးခြင်းစတဲ့ လက္ခဏာများ ပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်း ဆွေးနွေးအသိပေးထားပါတယ်။

သတင်း-Zaya moon

ဓာတ်ပုံ-လူမှုကွန်ယက်

#DepoProvera #WomenHealth #ကျန်းမာရေးသတင်း# Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်သွားလာခွင့် လုံးဝပိတ်၊ ကျန်ရက်တွေမှာ စုံ/မ စနစ်နဲ့ စစ်ဆေးနေ

ဧပြီ ၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ လုံးဝ သွားလာခွင့်မရှိတဲ့နေ့အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေမှာလည်း “စုံ/မ” စနစ် နဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက ...

ဆက်ဖတ်ရန်