KIA စစ်သင်တန်းကထွက်ပြေးလာတဲ့ CNFတပ်သားနှစ်ဦး ရန်ကုန်ရဲတပ်ဖွဲ့ဖမ်းမိ

ကချင်လွတ်မြောက်ရေးတပ်မတော် စစ်သင်တန်းကနေထွက်ပြေးလာတဲ့ ချင်းအမျိုးသားတပ်ဦးမှ တပ်သားနှစ်ဦးကို မတရားအသင်းဆက်သွယ်မှုနဲ့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ဖမ်းဆီးထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များထံ အောက်တိုဘာ (၂၃)ရက်က အသိပေးထားတယ်လို့ဆိုပါတယ်။

ဖြစ်စဉ်မှာ ချင်းအမျိုးသားတပ်ဦး(CNF) တပ်သားနှစ်ဦးဖြစ်တဲ့ ဆလိုင်းနိုင်ထွန်းနဲ့ အောင်ရန်လင်းတို့ဟာ ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ ပလက်ဝမြို့နယ်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်ဆိုင်းယန်ကျေးရွာသို့ သွားရောက်ကာ NCA တွင်ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ KIO ထံ စစ်သင်တန်းတက်ရောက်နေသူများဖြစ်ကာ KIOထံမှအခြေခံစစ်သင်တန်းတက်ရောက်ပြီးနောက် ဗိုလ်လောင်းသင်တန်းတက်ရောက်ရန်စောင့်ဆိုင်းနေစဉ် ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိသဖြင့် ဒုတိယနှစ်(ရူပဗေဒ)ကျောင်းသားဖြစ်သူ ဆလိုင်းနိုင်ထွန်းနဲ့ ဆယ်တန်းစာမေးပွဲအောင်မြင်ထားသူ အောင်ရန်လင်းတို့ဟာ ကျောင်းပြန်တက်ရန် ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြောင်း၊ ၎င်းတို့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ဒီဇင်ဘာအိမ်ယာဝန်း၌ တည်းခိုနေထိုင်စဉ် ရဲတပ်ဖွ့ဲက အောက်တိုဘာ (၂၂)ရက်တွင်ရှာဖွေတွေ့ရှိပြီး ဒဂုံတောင်မြို့မရဲစခန်းက (ပ)၁၈၃၀/၂၀၁၈၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အောက်တိုဘာလ(၂၃)ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားတယ်လို့ Myanmar Times ကရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်