MDF တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်တွေ ချန်ထားခဲ့ပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဆိုတဲ့ သတင်းအမှား

အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

Zalen

မရာကာကွယ်ရေးတပ် (MDF) တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်တွေ ချန်ထားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားတယ်လို့ Chin Bridge of Hope က အောက်တိုဘာလ ၂၁ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

Chin Bridge of Hope က ” အောက်တိုဘာ ၁၂ ရက်မှ ၂၁ ရက်အထိ MDF တပ်ဖွဲ့ဝင် ၄၈ ဦးသည် လက်နက်များကို ချန်ထားခဲ့ကာ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ်

https://www.facebook.com/share/p/tHFenY62wemQF4fx

အဲ့ဒီသတင်းကို ယနေ့ အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းအထိ Reaction ပေးသူ ၂၀၀ ကျော်၊ မှတ်ချက် ၄၃ ခုနဲ့ မျှဝေသူ ၅၁ ခုရှိပြီး တခြား ဖေ့စ်ဘွတ်ပေ့ချ်၊ ဖေ့စ်ဘွတ်အကောင့်တွေမှာလည်း မူရင်းသတင်းကို ကူးယူပြီး ပြန်လည်တင်ထားပါတယ်။

Chin Bridge of Hope ရဲ့ မူရင်းသတင်းကို Chin Revolution News ဖေ့စ်ဘွတ်ပေ့ချ်ကလည်း ကူးယူပြီး ဖော်ပြနေပါတယ်။

Chin Revolution News သတင်းလင့်ခ်

https://www.facebook.com/share/p/7D994ZbtN5HBVvza

စိစစ်တွေ့ရှိချက်

__________

Zalen Fact – Checking Team က စိစစ်တဲ့ခါ MDF တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်တွေချန်ထားခဲ့ပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားတာ မတွေ့ရှိရပါ။

MDF တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတယ်ဆိုတာ မဟုတ်မမှန်သလို ထွက်ပြေးစရာ ကိစ္စလည်းမရှိဘူးလို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MDF/MTC) အတွင်းရေးမှူးက ပြောပါတယ်။

၎င်းက “အခုမှ ကျွန်တော်တို့ အောင်ပွဲခံနေတဲ့အချိန်ဖြစ်တယ်။ သူတို့ ထွက်ပြေးစရာလည်း အကြောင်းမရှိဘူး။ သူတို့ အဲ့လောက်ခက်ခဲတဲ့ပြဿနာလည်း မရှိဘူး။ ကျွန်တော်တို့မှာ နေရေးထိုင်ရေးအခက်ခဲမရှိသလို စစ်ရေးစစ်ရာလည်း ကြောက်စရာလည်းမရှိဘူး။ ဒီလို ဘာမှအခက်ခက်မရှိတဲ့အချိန်မှာ ထွက်ပြေးစရာလည်း မရှိဘူး။ သတင်းအမှားတွေဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

မဟုတ်မမှန်အခြေမြစ်မရှိတဲ့ သတင်းအမှားတွေကို တုန့်ပြန်သွားမယ်မဟုတ်ကြောင့်နဲ့ လိုအပ်ရင် တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။

သုံးသပ်ချက်

________

Chin Bridge of Hope အမည်ရှိ ဖေ့စ်ဘွတ်ပေ့ချ်က တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းတာမရှိတဲ့အတွက် ဒီသတင်းဟာ သတင်းတိကျခိုင်လုံမှုကိုမဦးတည်ဘဲ ကောလဟာလသတင်းကို စိတ်ခံစားချက်နောက်လိုက်ပြီး အဖွဲ့အစည်းတစ်ခုကို ပုံပျက်အောင် ဝါဒဖြန့်ချင်တဲ့ သဘော တွေ့ရပါတယ်။

အထက်ပါ MTC အတွင်းရေးမှူးရဲ့ ပြောဆိုချက်အရ MDF တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်တွေချန်ထားပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဆိုတဲ့ အချက်လက်က မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်