Myanmar Star မှာ ခွင့်ပြုချက်မတောင်းပဲ Raymond သီချင်းကို သီဆိုယှဉ်ပြိုင်မှုအား ရှုံ့ချတယ်လို့ Idiots အဖွဲ့ ဆို

၆ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၅

Zalen

လက်ရှိကျင်းပ လျက်ရှိတဲ့ Myanmar Star သီချင်းဆိုပြိုင်ပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် Raymond ရဲ့ သီချင်းများကို ခွင့်ပြုချက်မတောင်းဆိုဘဲ သီဆိုယှဉ်ပြိုင်နေကြတာကို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ Idiots အဖွဲ့က ဒီကနေ့မှာအသိပေးထားပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် Raymond နဲ့ Idiots အဖွဲ့သားများက ၁၅ နှစ်ကျော် ကြိုးစားပမ်းစား လုပ်လာ ခဲ့တဲ့သီချင်းများကို ခွင့်ပြုချက်မရရှိဘဲနဲ့ အသုံးပြုနေသူများကို သတိပေးချင်လို့ အခုလိုထုတ်ပြန်လာခြင်းဖြစ် တယ်လို့ဆိုပါတယ်။

အဓိက အားဖြင့် Raymond သီချင်းများကိုသီဆိုပြီး တစ်ခါဆိုရင်အခကြေးငွေ သိန်း သုံးဆယ်ကျော်ရရှိနေတဲ့ သူတွေ၊ ရုန်းကန်လှုပ်ရှားနေတဲ့ အနုပညာရှင်မဟုတ်ဘဲ သီချင်းကို ခွင့်ပြုချက်မတောင်းဘဲသီဆိုသူများ၊ Myanmar Star လို Event မှာတောင် အသိမှတ်မပြု၊ခွင့်မတောင်းတာမျိုးကိုတော့ Idiots အဖွဲ့နဲ့ Raymond ကျန်ရစ်သူ မိသားစုများက ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ဆိုပါတယ်။

အထူးသဖြင့် Myanmar Star စီစဉ်သူတွေထဲမှာ ဂီတလောကထဲက သက်ဆိုင်သူတွေကို ဘယ်လိုဆက်သွယ်ရ မလဲဆိုတာသိသိကြီးနဲ့ လေးစားမှုမရှိ ဂုဏ်သိက္ခာမရှိဘဲ တစ်သက်စာမိုးခါးရေသောက်နေသူများကို ရည်ရွယ်ပြီး သတိပေးလိုခြင်းဖြစ်တယ်လို့ဆိုပါတယ်။

Professional မဟုတ်ဘဲ ဝါသနာရှင်အဆင့် ပရိတ်သတ်များကြိုက်နှစ်သက်သူ မည်သူမဆို အစွန်းအမြတ်မပါ လျှင် Raymond သီချင်းများကို လွတ်လပ်စွာ ပြန်လည်သီဆိုနိုင်ကြောင်း၊ ဘဝကိုရုန်းကန်ရင်းနဲ့ ဆိုင်တွေမှာ သီဆို တဲ့ သူများအနေနဲ့ ထွေထွေထူးထူး ခွင့်တောင်းစရာမလိုပဲ သီဆိုနိုင်ကြကြောင်း အသိပေးထားပါတယ်။

နိုင်ငံကျော် ရောခ့်ဂီတအဆိုတော် Raymond ဟာ သူ့အသက် ၃၂ နှစ် ၊ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်မှာမနက်ပိုင်းမှာ ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲဝင်သွားတာကြောင့် ကွယ်လွန်သွားခဲ့သူဖြစ်ပြီး ယနေ့တိုင် သူ့သီချင်းများဟာ ပရိတ်သတ်များရဲ့ ရင်ထဲမှာကျန်ရစ်ဆဲဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်