NUG အစိုးရထံ India for Myanmar က အကြံပြုချက် (၆)ချက်ပါတဲ့ အိတ်ဖွင့်ပေးစာပေးပို့

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မြန်မာအရေးလှုပ်ရှားတဲ့ India for Myanmar က NUG အစိုးရထံ ဇူလိုင် ၂၆ ရက် နေ့စွဲဖြင့် အကြံပြုချက် (၆) ချက်ပါတဲ့ အိတ်ဖွင့်ပေးစာပေးပို့တယ်လို့သတင်းရရှိပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်း အိန္ဒိယအစိုးရဟာ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရကဲ့သို့ အသိအမှတ်ပြုတဲ့ ဆက်ဆံရေးမျိုး ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။

ဒါကြောင့် India for Myanmar က တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG ထံ အကြံပြု အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းဖြစ်ကြောင်းသိရတယ်။

ယင်းအိတ်ဖွင့်ပေးစာတွင် NUG အစိုးရက အိန္ဒိယအစိုးရနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့၊ နယ်စပ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအလေးထားဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံနဲ့ထိစပ်တဲ့ပြည်နယ်အစိုးရနဲ့ နိုင်ငံရေးအင်အားစုများကိုစည်းရုံးဖို့၊ အိန္ဒိယနယ်စပ်တော်လှန်ရေးအဖွဲ့များ၊ လူမှုရေးအသင်းများနဲ့ချိတ်ဆက်ကြဖို့နဲ့ အခြားအကြောင်းအရာများပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်