နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါးရှိလာပြီး အရပ်သားသေဆုံးမှု မြင့်တက်လာ

၂၈၊ နိ၀င်ဘာ၊ ၂၀၂၄

Zalen

မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ၊ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေကြောင်း ဒုက္ခသည်တွေ တိုးလာတာလို့ UNOCHA က ဆိုပါတယ်။

Zalen ad

ဆက်တိုက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်နေပြီး အရပ်သား ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်းဟာလည်း ဆက်လက်ဆိုးဝါးနေဆဲပဲလို့ UNOCHAရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၀ အထွေထွေအုပ်ချုပ်ရေးစာရင်းအရ ‌လူဦးရေ ငါးသိန်းကျော်ရှိတဲ့ ချင်းပြည်နယ်မှာ ပြည်နယ် လူဦးရေရဲ့ ထက်၀က်ခန့် ဖြစ်တဲ့ နှစ်သိန်းခွဲခန့်ဟာ ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေ ရပါတယ်။

လက်ရှိ ချင်းပြည်နယ်က ထန်တလန်၊ မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ကတည်းကမြန်မာနိုင်ငံက စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး လက်ရှိ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံနေရတယ်လို့လည်း UNOCHA က ပြောပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်