အိန္ဒိယဗဟိုအစိုးရက စစ်ဘေးရှောင်တွေအတွက်ပေးအပ်တဲ့ ဆန်အိတ်များမီဇိုရမ်ပြည်နယ် ခရိုင်တိုင်းသို့ ရောက်ပြီ

၂၆၊နိုဝင်ဘာလ၊၂၀၂၄
Zalen

အိန္ဒိယဗဟိုအစိုးရ က မီဇိုရမ်အတွင်းစစ်ဘေးရှောင်များအတွက် ပေးအပ်တဲ့ ဆန်အိတ်မက်ထရစ်တန်ချိန် ၁၃၀၀ ကျော်ဟာ မီဇိုရမ်ပြည်နယ်ထဲက ခရိုင် တိုင်းကိုရောက်ရှိပြီလို့ မီဇိုရမ်အစိုးရ အစားအသောက်၊ မြို့ပြထောက်ပံ့ရေးနဲ့ စားသုံးသူရေးရာဌာန (FCS&CA) ကပြောတယ်လို့ All India Radio News က ဖော်ပြပါတယ်။

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ကပေးအပ်တဲ့ ရူပီး သိန်း ၅၀၀ဖြင့် စစ်ဘေးရှောင်များကို ပေးအပ်မဲ့ ဆန်အိတ်တွေကို အိန္ဒိယအစားအသောက်ကော်ပိုရေးရှင်း ( FCI ) ထံဝယ်ယူခဲ့ပြီး ဆန်အိတ်ပေါင်း မက်ထရစ်တန်ချိန် ၁၃၇၉ နဲ့ ကွင်တာလ်( quintal ) ၃၀ ရှိတယ်လို့ဆိုပါတယ်။

ဗဟိုအစိုးရရဲ့ ဆုံဖြတ်ချက်အရ အိန္ဒိယအစားအသောက်ကော်ပိုရေးရှင်း (FCI) ကထုတ်ယူခွင့်အမိန့်ထုတ်ပြန် တဲ့ရက်ကနေ ရက် ၆၀ မတိုင်ခင်မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုထဲကိုအဆိုပါဆန်အိတ်များရောက်ရှိသွား ပြီဖြစ်ကာ ခရိုင်မှူးများက မိမိခရိုင်အတွင်းက စစ်ဘေးရှောင်များကိုတာဝန်ယူ ဖြန့်ဝယ်သွားမှာဖြစ်ပြီး တစ်ချို့ ခရိုင်မှာတော့ ဖြန့်ဝေနေပြီဖြစ်ပါတယ်။

Zalen ad

မီဇိုရမ်ပြည်နယ်၊ပြည်ထဲရေးဝန်ကြီးရဲ့စာရင်းအရ လက်ရှိတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၄၃၇၈၈ ဦးရှိနေပြီးသူတို့တွေဟာ မြန်မာ စစ်ဘေးရှောင် ၃၃၇၆၄ ဦး၊ ဘင်္ဂလားဒေ့ရှ် စစ်ဘေးရှောင် ၂၀၁၄ ဦး နဲ့ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ တို့ဖြစ်ကြတယ်လို့ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ခုထဲမှာ ကျန်ဖိုင်ခရိုင်၊ လောင်တလိုင်ခရိုင်၊ ရှာဟာ ခရိုင် နဲ့ အိုင်ဇောလ်ခရိုင် တို့မှာ စစ်ဘေးရှောင်အများဆုံးခိုလှုံလျက်ရှိပြီး အဲဒီဒေသတွေအတွက် ဆန်အိတ်အများဆုံးရောက်ရှိပါ တယ်။

အိန္ဒိယဗဟိုအစိုးရရဲ့ ကနဦးသတ်မှတ်ချက်အတိုင်းဆိုရင် မီဇိုရမ်ပြည်နယ်ထဲက စစ်ဘေးရှောင် တစ်ဦးချင်း အနေဖြင့် ဆန် ၃၁.၅ ကီလိုဂရမ်စီရရှိကြမှာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်