One Championship တတိယ မြောက်ပွဲစဉ်အဖြစ် ချော့ဒီ နဲ့ ထိုးသတ်မယ့် ချင်းဖိုက်တာ ဆလိုင်း ထန်းခွီရှိန်း

ဧပြီ ၁၀ ၊၂၀၂၆
Zalen

ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ ၊Lumpinee Stadium မှာကျင်းပမယ့် One Friday Fight -150 မှာ ထိုးသတ်မယ့် ချင်းလူငယ်ဖိုက်တာ ဆလိုင်း ထန်းခွီရှိန်း ကတော့ One Championship မှာတတိယမြောက်ပွဲစဉ်အဖြစ် ထိုင်းဖိုက်တာ ချော့ဒီ နဲ့ ဒီနေ့ည ထိုးသတ်မှာဖြစ်ပါတယ်။

ဆလိုင်း ထန်းခွီရှိန်း ရဲ့ ပြိုင်ဘက် ထိုင်းဖိုက်တာကတော့ One Championship မှာ အတွေ့အကြုံရှိပြီးသား လည်းဖြစ်သလို ၆ ပွဲ အထိထိုးသတ်ရာ ၂ ပွဲ နိုင် ၄ ပွဲရှုံးနိမ့်ထားသူဖြစ်ပါတယ်။

ဆလိုင်းကတော့ One Friday Fight 130 မှာ ပြိုင်ဘက်ကိုအမှတ် နဲ့ရှုံးနိမ့်ခဲ့ပေမယ့် One Friday Fight 139 မှာတော့ ပြိုင်ဘက်ကို အလဲထိုး နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

Zalen ad

ဆလိုင်းထန်းခွီရှိန်းကတော့ ရိုးရာလက်ဝှေ့ မှာ ပြည်နယ် ၊တိုင်း ရွှေတံဆိပ်ဆုကို ဆွတ်ခူးထားသူလည်းဖြစ်သလို မြန်မာ့ရိုးရာလက်ဝှေ့မှာ ၂၁ ပွဲအထိ ထိုးသတ်ဖူးပြီး နိုင်ပွဲ ၁၁ ပွဲအထိ ရယူထားသူလည်းဖြစ်ပါတယ်။

ပြီးခဲတဲ့ဧပြီ ၃ ရက်၊ သောကြာညက ထိုးသတ်ခဲ့တဲ့ One Friday Fight -149 မှာတော့ မင်းတပ်သား ၊ချင်းဖိုက်တာ ဟာလိန်းအွမ်က One Championship တတိယ ပွဲစဉ်မှာ ပြိုင်ဘက် ကို အမှတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

သတင်း – ညီစေ

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်