PDF-တမူးနာမည်အလွှဲသုံးစားလုပ်တဲ့ ပျူစောထီး ၂ဦးသုတ်သင်ပြီး တစ်ဦးလွှတ်မြောက်နေဆဲဟုဆို

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် PDF ထိန်းချုပ်နယ်မြေတွင် PDF-တမူးလို့ဆိုကာ ဓားပြတိုက်နေတဲ့ ပျူစောထီး ၂ ဦးကို PDF-Combat Engineer Unit က ဧပြီ ၁၅ ရက်ညနေပိုင်းက သုတ်သင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ တမူး-အောင်ဇေယျကားလမ်းတလျှောက်မှာ ဧပြီ ၁၅ ရက် နေ့လည် ၂ နာရီလောက်တွင်
ကားလမ်းပေါ် သွားလာနေတဲ့ ပြည်သူတွေကို တမူးPDFကလို့ဆိုကာ ဖမ်းဆီးလုယက်နေကြောင်းသတင်းရရှိပါတယ်။

ဓားပြတိုက်လုယက်သူတွေဟာ တမူးမြို့နယ်၊ ဆရာစံရွာသား ကျော်ဇင်ထွန်း၊ ကျော်နိုင်ထွန်း (ခ)သားကြီး နဲ့ ဖိုးချစ်လို့စုံစမ်းသိရှိရပြီး ၎င်းတို့အနက် ၂ ဦးကို ယင်းနေ့ ည ၈ နာရီတွင် ဆရာစံရွာအနီးတွင်သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ကျော်နိုင်ထွန်းမူထွက်ပြေးလွှတ်မြောက်နေဆဲဖြစ်ပါတယ်။

သုတ်သင်ခံရတဲ့ ပျူစောထီးတွေနဲ့အတူ ခါးချိုးသေနတ်တစ်လက် ၎င်းကျည်ဆံ ၅ တောင့်၊ အိန္ဒိယ ရူပီးငွေ ၅၅၀၀၀ ၊ မြန်မာကျပ် ၂၁၀၀၀နဲ့ လက်ကိုင်ဖုန်း ၁လုံး တို့ကိုသိမ်းဆည်းရမိပြီး ယင်းပစ္စည်းအားလုံးကို မူလပိုင်ရှင်ထံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ PDF-Combat Engineer Unit က ယနေ့ထုတ်ပြန်ထားပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်