PDF တမူးထံအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား သေနတ် ၄ လက်နဲ့အတူ စစ်ကောင်စီထံထွက်ပြေး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် PDF-Tamu တပ်ရင်း ၄ တွင် အလင်းဝင်လာတဲ့ တိုးတတ်ထွန်း ခေါ် နန်းဦးနဲ့ ၎င်းအမျိုးသမီးဟာ ဧပြီ ၂၅ ရက်က မောင်းပြန်သေနတ် ၄ လက်နဲ့အတူ တမူးမြို့၊ စစ်ကောင်စီထံပြန်ဝင်သွားတယ်လို့သတင်းရရှိပါတယ်။

နန်းဦးကို PDF-Tamu တပ်ရင်း ၄ က စစ်ကြောင်းမှူးတာဝန်ပေးထားပြီး တမူးမြို့ရှောင်လမ်းမှာ တာဝန်ကျရင်း ထွက်ပြေးတာဖြစ်ပါတယ်။

တမူးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက “သူကလွန်ခဲ့တဲ့ ၃၊ ၄ လလောက်က လက်နက်မပါဘဲအလင်းဝင်လာတာ။ ကိုယ့်တပ်ရင်းရဲ့ အားနည်းချက်ပါတယ်။ CDM ဝင်လာရင် လွတ်မြောက်နေရာမှာပို့သင့်တယ်။ ကိုယ့်စခန်းမှာ တာဝန်ပြန်ပေးတာက မဖြစ်သင့်ဘူး။ အစကတည်းက CDM ဝင်လာတဲ့လူကိုတော့မပြောချင်ဘူး။ ခုနောက်ပိုင်းလူတွေက တကယ့် CDM အစစ်မှန်စောင့်ကြည့်ရမယ်” လို့ပြောပါတယ်။

တိုးတတ်ထွန်း ခေါ် နန်းဦး စအရ ၉၁၆ ကိုယ်ပိုင်နံပါတ် တ/522398 စစ်မြေပြင် BEတပ်ကဖြစ်ပြီး မှတ်ပုံတင်နံပါတ် ၅/ဝသန (နိုင်)၀၆၆၈၄၄ ကိုင်ဆောင်ထားပါတယ်။

၎င်းအမျိုးသမီးမှာ တမူးမြို့ စော်ဘွား ၆ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်အိမြတ်ခင်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်