PDF-Kalay စခန်းသိမ်းပိုက်ခံရစဉ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကျဆုံး

ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်အတွင်းက PDF-Kalay တပ်ရင်း ၃ တပ်ခွဲစခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်တွင် ဝင်ရောက်သိမ်းယူစဉ် ဆေးတပ်က အမျိုးသမီး ၁ ဦးနဲ့ ရဲဘော် ၂ ယောက်က တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စတေးသွားကြတယ်လို့သတင်းရရှိပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ မိုင်ချင်းချင်း၊ ကိုမောယာ နဲ့ ကိုပွီးယာတို့ဖြစ်ပါတယ်။ အလောင်းကို ယနေ့က သွားယူကြပြီး ပုပ်ပွနေတာကြောင့် ယင်းနေရာမှာပဲ မြေမြုပ်သဂြိုလ်ကြပါတယ်။

PDF-Kalay တပ်ရင်း ၃ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ကျနော်တို့လူတွေက အလောင်းကိုတော့ရအောင်သွားယူမယ်ဆိုပြီး စခန်းကိုသွားကြတယ်။ စစ်ခွေးတွေက အဲ့မှာမရှိတော့ဘူးလေ။ ဒါပေမယ့် အလောင်းက ပုပ်ပွပျက်စီးနေလို့ အဲ့မှာပဲ သဂြိုလ်ကြတယ်။ စခန်းအနေအထားမှာတော့ ကျနော်တို့လူတွေကလည်း ပြန်တိုက်ခိုက်ကြတဲ့ပုံပဲ။ စစ်ခွေးဘက်လည်း ဒဏ်ရာရမယ့် အရိပ်အရာတွေ့ရတယ်။ ကျဆုံးသွားတဲ့ ကျတော်တို့ ရဲဘော်တွေက အသက် ၂၀ ဝန်းကျင်လောက်ပဲရှိကြတယ်” လို့ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးခံရတဲ့ PDF-Kalay တပ်ရင်း ၃ က ဆေးတပ်သား အမျိုးသမီး ၉ ဦးနဲ့ ဒဏ်ရာရရှိတဲ့စစ်သားတွေနဲ့အတူ ကလေးမြို့နယ် နဂါးပွတ်ကျေးရွာသို့ ဒီမနက်က ခြေခြေနဲ့သွားကြပြီး နေ့လည်ပိုင်းက PDF-Kalay နဲ့ CNDF တို့ပူးပေါင်းပြီး ဖမ်းဆီးခံရတဲ့ ဆေးသပ်သားတွေပြန်လည်ကယ်တင်ဖို့ကြိုးစားကြပါတယ်။

Zalen ad

ဒါကြောင့် ကလေးမြို့ဘက်ကနေ စစ်ကားတွေနဲ့စစ်ကူရောက်လာကာ ယင်းကားကို မိုင်း ၃လုံးခွဲပြီးတိုက်ခိုက်ကြလို့ စစ်သား ၁၅ ယောက်ထိခိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်သားတွေက ကလေး-ဂန့်ဂေါလမ်းဘေးကနေ နဂါးပွတ်ရွာက ၄င်းတို့တပ်ဖွဲ့တွေအတွက် လက်နက်ကြီးနဲ့ ပစ်ကူကြပါတယ်။

Zawgyi

PDF-Kalay စခန္းသိမ္းပိုက္ခံရစဥ္ အမ်ဳိးသမီး ၁ ဦးနဲ႔ အမ်ဳိးသား ၂ ဦးက်ဆံုး

ကေလးၿမိဳ႕ အေနာက္ေတာင္ဘက္ ခ်င္းျပည္နယ္အတြင္းက PDF-Kalay တပ္ရင္း ၃ တပ္ခြဲစခန္းကို အာဏာသိမ္း စစ္ေကာင္စီတပ္က ႏိုဝင္ဘာ ၁၆ ရက္တြင္ ဝင္ေရာက္သိမ္းယူစဥ္ ေဆးတပ္က အမ်ဳိးသမီး ၁ ဦးနဲ႔ ရဲေဘာ္ ၂ ေယာက္က တုိင္းျပည္နဲ႔ လူမ်ဳိးအတြက္ အသက္စေတးသြားၾကတယ္လုိ႔သတင္းရရွိပါတယ္။

က်ဆံုးသြားတဲ့ ရဲေဘာ္ေတြကေတာ့ မိုင္ခ်င္းခ်င္း၊ ကိုေမာယာ နဲ႔ ကိုပြီးယာတို႔ျဖစ္ပါတယ္။ အေလာင္းကို ယေန႔က သြားယူၾကၿပီး ပုပ္ပြေနတာေၾကာင့္ ယင္းေနရာမွာပဲ ေျမျမဳပ္သျဂိဳလ္ၾကပါတယ္။

PDF-Kalay တပ္ရင္း ၃ တာဝန္ရွိပုဂိၢဳလ္တစ္ဦးက “က်ေနာ္တုိ႔လူေတြက အေလာင္းကိုေတာ့ရေအာင္သြားယူမယ္ဆိုၿပီး စခန္းကိုသြားၾကတယ္။ စစ္ေခြးေတြက အဲ့မွာမရွိေတာ့ဘူးေလ။ ဒါေပမယ့္ အေလာင္းက ပုပ္ပြပ်က္စီးေနလုိ႔ အဲ့မွာပဲ သျဂိဳလ္ၾကတယ္။ စခန္းအေနအထားမွာေတာ့ က်ေနာ္တုိ႔လူေတြကလည္း ျပန္တိုက္ခိုက္ၾကတဲ့ပံုပဲ။ စစ္ေခြးဘက္လည္း ဒဏ္ရာရမယ့္ အရိပ္အရာေတြ႔ရတယ္။ က်ဆံုးသြားတဲ့ က်ေတာ္တို႔ ရဲေဘာ္ေတြက အသက္ ၂၀ ဝန္းက်င္ေလာက္ပဲရွိၾကတယ္” လို႔ေျပာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီတပ္ေတြဟာ ဖမ္းဆီးခံရတဲ့ PDF-Kalay တပ္ရင္း ၃ က ေဆးတပ္သား အမ်ဳိးသမီး ၉ ဦးနဲ႔ ဒဏ္ရာရရွိတဲ့စစ္သားေတြနဲ႔အတူ ကေလးၿမဳိ႕နယ္ နဂါးပြတ္ေက်းရြာသို႔ ဒီမနက္က ေျခေျခနဲ႔သြားၾကၿပီး ေန႔လည္ပိုင္းက PDF-Kalay နဲ႔ CNDF တို႔ပူးေပါင္းၿပီး ဖမ္းဆီးခံရတဲ့ ေဆးသပ္သားေတြျပန္လည္ကယ္တင္ဖို႔ၾကိဳးစားၾကပါတယ္။

ဒါေၾကာင့္ ကေလးၿမိဳ႕ဘက္ကေန စစ္ကားေတြနဲ႔စစ္ကူေရာက္လာကာ ယင္းကားကို မိုင္း ၃လံုးခြဲၿပီးတုိက္ခိုက္ၾကလုိ႔ စစ္သား ၁၅ ေယာက္ထိခိုက္တယ္လုိ႔ထုတ္ျပန္ထားပါတယ္။ စစ္သားေတြက ကေလး-ဂန္႔ေဂါလမ္းေဘးကေန နဂါးပြတ္ရြာက ၄င္းတို႔တပ္ဖြဲ႔ေတြအတြက္ လက္နက္ၾကီးနဲ႔ ပစ္ကူၾကပါတယ္။

 

 

 

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်