PDF-Kalay စခန်းသိမ်းပိုက်ခံရစဉ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကျဆုံး

ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်အတွင်းက PDF-Kalay တပ်ရင်း ၃ တပ်ခွဲစခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်တွင် ဝင်ရောက်သိမ်းယူစဉ် ဆေးတပ်က အမျိုးသမီး ၁ ဦးနဲ့ ရဲဘော် ၂ ယောက်က တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စတေးသွားကြတယ်လို့သတင်းရရှိပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ မိုင်ချင်းချင်း၊ ကိုမောယာ နဲ့ ကိုပွီးယာတို့ဖြစ်ပါတယ်။ အလောင်းကို ယနေ့က သွားယူကြပြီး ပုပ်ပွနေတာကြောင့် ယင်းနေရာမှာပဲ မြေမြုပ်သဂြိုလ်ကြပါတယ်။

PDF-Kalay တပ်ရင်း ၃ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ကျနော်တို့လူတွေက အလောင်းကိုတော့ရအောင်သွားယူမယ်ဆိုပြီး စခန်းကိုသွားကြတယ်။ စစ်ခွေးတွေက အဲ့မှာမရှိတော့ဘူးလေ။ ဒါပေမယ့် အလောင်းက ပုပ်ပွပျက်စီးနေလို့ အဲ့မှာပဲ သဂြိုလ်ကြတယ်။ စခန်းအနေအထားမှာတော့ ကျနော်တို့လူတွေကလည်း ပြန်တိုက်ခိုက်ကြတဲ့ပုံပဲ။ စစ်ခွေးဘက်လည်း ဒဏ်ရာရမယ့် အရိပ်အရာတွေ့ရတယ်။ ကျဆုံးသွားတဲ့ ကျတော်တို့ ရဲဘော်တွေက အသက် ၂၀ ဝန်းကျင်လောက်ပဲရှိကြတယ်” လို့ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးခံရတဲ့ PDF-Kalay တပ်ရင်း ၃ က ဆေးတပ်သား အမျိုးသမီး ၉ ဦးနဲ့ ဒဏ်ရာရရှိတဲ့စစ်သားတွေနဲ့အတူ ကလေးမြို့နယ် နဂါးပွတ်ကျေးရွာသို့ ဒီမနက်က ခြေခြေနဲ့သွားကြပြီး နေ့လည်ပိုင်းက PDF-Kalay နဲ့ CNDF တို့ပူးပေါင်းပြီး ဖမ်းဆီးခံရတဲ့ ဆေးသပ်သားတွေပြန်လည်ကယ်တင်ဖို့ကြိုးစားကြပါတယ်။

ဒါကြောင့် ကလေးမြို့ဘက်ကနေ စစ်ကားတွေနဲ့စစ်ကူရောက်လာကာ ယင်းကားကို မိုင်း ၃လုံးခွဲပြီးတိုက်ခိုက်ကြလို့ စစ်သား ၁၅ ယောက်ထိခိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်သားတွေက ကလေး-ဂန့်ဂေါလမ်းဘေးကနေ နဂါးပွတ်ရွာက ၄င်းတို့တပ်ဖွဲ့တွေအတွက် လက်နက်ကြီးနဲ့ ပစ်ကူကြပါတယ်။

Zawgyi

PDF-Kalay စခန္းသိမ္းပိုက္ခံရစဥ္ အမ်ဳိးသမီး ၁ ဦးနဲ႔ အမ်ဳိးသား ၂ ဦးက်ဆံုး

ကေလးၿမိဳ႕ အေနာက္ေတာင္ဘက္ ခ်င္းျပည္နယ္အတြင္းက PDF-Kalay တပ္ရင္း ၃ တပ္ခြဲစခန္းကို အာဏာသိမ္း စစ္ေကာင္စီတပ္က ႏိုဝင္ဘာ ၁၆ ရက္တြင္ ဝင္ေရာက္သိမ္းယူစဥ္ ေဆးတပ္က အမ်ဳိးသမီး ၁ ဦးနဲ႔ ရဲေဘာ္ ၂ ေယာက္က တုိင္းျပည္နဲ႔ လူမ်ဳိးအတြက္ အသက္စေတးသြားၾကတယ္လုိ႔သတင္းရရွိပါတယ္။

က်ဆံုးသြားတဲ့ ရဲေဘာ္ေတြကေတာ့ မိုင္ခ်င္းခ်င္း၊ ကိုေမာယာ နဲ႔ ကိုပြီးယာတို႔ျဖစ္ပါတယ္။ အေလာင္းကို ယေန႔က သြားယူၾကၿပီး ပုပ္ပြေနတာေၾကာင့္ ယင္းေနရာမွာပဲ ေျမျမဳပ္သျဂိဳလ္ၾကပါတယ္။

PDF-Kalay တပ္ရင္း ၃ တာဝန္ရွိပုဂိၢဳလ္တစ္ဦးက “က်ေနာ္တုိ႔လူေတြက အေလာင္းကိုေတာ့ရေအာင္သြားယူမယ္ဆိုၿပီး စခန္းကိုသြားၾကတယ္။ စစ္ေခြးေတြက အဲ့မွာမရွိေတာ့ဘူးေလ။ ဒါေပမယ့္ အေလာင္းက ပုပ္ပြပ်က္စီးေနလုိ႔ အဲ့မွာပဲ သျဂိဳလ္ၾကတယ္။ စခန္းအေနအထားမွာေတာ့ က်ေနာ္တုိ႔လူေတြကလည္း ျပန္တိုက္ခိုက္ၾကတဲ့ပံုပဲ။ စစ္ေခြးဘက္လည္း ဒဏ္ရာရမယ့္ အရိပ္အရာေတြ႔ရတယ္။ က်ဆံုးသြားတဲ့ က်ေတာ္တို႔ ရဲေဘာ္ေတြက အသက္ ၂၀ ဝန္းက်င္ေလာက္ပဲရွိၾကတယ္” လို႔ေျပာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီတပ္ေတြဟာ ဖမ္းဆီးခံရတဲ့ PDF-Kalay တပ္ရင္း ၃ က ေဆးတပ္သား အမ်ဳိးသမီး ၉ ဦးနဲ႔ ဒဏ္ရာရရွိတဲ့စစ္သားေတြနဲ႔အတူ ကေလးၿမဳိ႕နယ္ နဂါးပြတ္ေက်းရြာသို႔ ဒီမနက္က ေျခေျခနဲ႔သြားၾကၿပီး ေန႔လည္ပိုင္းက PDF-Kalay နဲ႔ CNDF တို႔ပူးေပါင္းၿပီး ဖမ္းဆီးခံရတဲ့ ေဆးသပ္သားေတြျပန္လည္ကယ္တင္ဖို႔ၾကိဳးစားၾကပါတယ္။

ဒါေၾကာင့္ ကေလးၿမိဳ႕ဘက္ကေန စစ္ကားေတြနဲ႔စစ္ကူေရာက္လာကာ ယင္းကားကို မိုင္း ၃လံုးခြဲၿပီးတုိက္ခိုက္ၾကလုိ႔ စစ္သား ၁၅ ေယာက္ထိခိုက္တယ္လုိ႔ထုတ္ျပန္ထားပါတယ္။ စစ္သားေတြက ကေလး-ဂန္႔ေဂါလမ္းေဘးကေန နဂါးပြတ္ရြာက ၄င္းတို႔တပ္ဖြဲ႔ေတြအတြက္ လက္နက္ၾကီးနဲ႔ ပစ္ကူၾကပါတယ္။

 

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်