PDF Zoland က စစ်မှုထမ်းဖို့ ခေါ်ဆောင်ခဲ့လာတဲ့ လူငယ်တွေထဲက စည်းမျဉ်းနဲ့မကိုက်ညီတဲ့ ၂၀ ဦးကို နေရပ်ပြန်ပို့

ဧပြီ ၁၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်ခရိုင်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ Zomi Federal Union (ZFU/PDF Zoland) က စစ်မှုထမ်းဖို့ ခေါ်ဆောင်ခဲ့တဲ့ လူငယ်တွေထဲက စည်းမျဉ်းနဲ့ ညှိစွန်းတဲ့ လူငယ်စုစုပေါင်း ၂၀ ဦးကို နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ချက်အရ နောက်ဆုံးအသုတ်အနေနဲ့ လူငယ် ၁၄ ဦးကို ထပ်မံအိမ်ပြန်ပို့ခဲ့တာဖြစ်ပြီး အရင်ပြန်ပို့ထားသူတွေနဲ့ပေါင်းရင် စုစုပေါင်း ၂၀ ဦးရှိပြီ ဖြစ်ပါတယ်။

အဆိုပါ လူငယ်တွေဟာ ZFU ရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်း ၄ ရပ်ဖြစ်တဲ့ အသက်မပြည့်ဘဲ ကျောင်းဆက်တက်နေပြီး အိမ်ပြန်လိုသူများ၊ မိသားစုဝင်တစ်ဦးဦး တော်လှန်ရေးအဖွဲ့မှာ ပါဝင်နေသူများ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများ၊ တစ်ဦးတည်းသော သား/သမီးများ စတဲ့အချက်တွေနဲ့ ကိုက်ညီတာကြောင့် အခုလို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

Zalen ad

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ကျရောက်ခဲ့တဲ့ ငါး နှစ်ပြည့် အဖွဲ့အစည်းတည်ထောင်ခြင်းအထိမ်း အမှတ် ထုတ်ပြန်ချက်မှာတော့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ လူငယ်တွေကို စစ်ပညာအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေကိုပါ ပံ့ပိုးသင်ကြားပေးသွားမယ်လို့ ZFU က ထည့်သွင်းပြောကြားထားပါတယ်။

Zogam နယ်မြေအတွင်း အရွယ်ရောက်သူတိုင်း ၃ နှစ် မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် လိုင်တွီး၊ မွီးဇောလ်၊ ဒိမ်ပီးနဲ့ ဘွင်ကျေးရွာတွေက လူငယ်တွေကို ခေါ်ဆောင်ခဲ့ရာမှာ ၁၈ နှစ်မပြည့်သေးသူတွေ ပါဝင်နေတာကြောင့် ဒေသတွင်း ဝေဖန်မှုတွေ ရှိခဲ့တာပါ။

လတ်တလောမှာတော့ ZFU အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ရည်မှန်းချက်အတိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေနဲ့ နားလည်ပေးပြီး ဆက်လက်ပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်