Wireless Broadband နဲ့အသုံးပြုတဲ့အင်တာနက်တွေပိတ်ဖို့ ဆက်သွယ်ရေးကညွှန်ကြားထား

မြန်မာနိုင်ငံရှိ အင်တာနက်ဝန်ဆောင်မှုတွေထဲက ဖုန်းဆင်းကဒ်နဲ့ အင်တာနက်အသုံးပြုခြင်းကို စစ်ကောင်စီက ပိတ်ခိုင်းခဲ့အပြီး Wireless Broadband စက်တွေနဲ့ အင်တာနက်ပေးတဲ့ စနစ် ဝန်ဆောင်မှုကို ထပ်မံပိတ်ဖို့အတွက် ဧပြီလ ၁ ရက်နေ့မှာ ထပ်မံ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတစ်ခုရဲ့ တာဝန်ရှိသူက ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားလာတာမှန်ကန်ပြီး ဒီနေ့ကစပိတ်ခိုင်း တာဖြစ်သလို နောက်ညွှန်ကြားတာမရှိဘူး ပြန်မဖွင့်ရဘူးလို့ ညွှန်ကြားလာတာဖြစ်တယ်လို့ ပြော ပါတယ်။

2600MHz လှိုင်းနှုန်းအသုံးပြု၍ သော်လည်းကောင်း၊ Wireless Broadband Data Service စနစ်ဖြင့် ဝန်ဆောင်မူပေးနေသည့် အင်တာနက်ဝန်ဆောင်မူများအားလုံးကို ပိတ်ဖို့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

Zalen ad

Oredoo ကုမ္မဏီက “ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Wireless Broadband ဒေတာ ဝန်ဆောင်မှုများအား ယနေ့မှစ၍ နောက်ထပ်အကြောင်းမကြားခင်အထိ ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးလိုပါတယ်။ WBB သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ ပြန်လည်ရရှိချိန်တွင် ဒေတာအစီအစဉ်များကို သက်တမ်းတိုးပေးသွားမှာဖြစ်ပါတယ်” လို့ Oredoo WBB သုံးစွဲသူတွေထံ ဒီနေ့ညစာပို့ထားပါတယ်။

Telenor ကုမ္မဏီကတော့ အခုလို စာပို့လာတာမရှိသေးပါ။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်