YCW ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဂီတဘာသာရပ် စတင်သင်ယူ

ကလေးမြို့ရှိ YCW ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဇွန်လ (၇)ရက်ကစပြီး ဂီတပညာကို ဘာသာရပ်တစ်ခုအနေနဲ့စတင်သင်ယူကြောင်းသိရပါတယ်။

နေ့တိုင်း (၅)တန်းမှ(၇)တန်းထိကျောင်းသား၊ကျောင်းသူတွေကို တစ်နှစ်ပတ်လုံး သင်ပြသွားမယ်လို့လည်းသိရပါတယ်။

“တနင်္လာနေ့ကနေ သောကြာနေ့ထိ နေ့တိုင်း တစ်နာရီ သင်ပြနေတယ်။ အဓိကအားဖြစ် အခြေခံ Tonic Solfa နဲ့ အဆိုပိုင်းဆိုင်ရာ ပညာသင်ပေးပါတယ်။ တစ်နှစ်လုံး သင်ရမှာဆိုတော့ တဖြည်းဖြည်းအဆင့်မြင့်တင်ပြီး သင်သွားမယ်”လို့ ဂီတဘာသာရပ်သင်ပြသူ ဆရာ Tuan Za Kip Thawng@ Cate ကဆိုပါတယ်။

 

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်