ZRA က ခရစ်ယာန်အမှုတော်ဆောင်တစ်ပါးကို ထိုးကြိတ်ရိုက်နှက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင်းမှာ Evangelical Baptist Church အမှုတော်ဆောင်ဆရာတော်တစ်ပါးကို ZRA (Zomi Revolution Army) တပ်သားတွေက မနေ့ ဩဂုတ် ၂၈ ရက် မနက် ၁၀ နာရီလောက်က ထိုးကြိတ်ရိုက်နှက်တယ်လို့ ဒေသခံတွေထံကသိရတယ်။

တွန်းဇံမြို့ ဒေသခံတစ်ဦးက “သူတို့(ZRA)တွေမြို့ထဲမှာနေတာ ၃ ပတ်လောက်ကြာပြီ။ အဲ့နေ့ မနက်ပိုင်း မြို့ထဲပတ်တဲ့ချိန်မှာ ဆရာတော်က ဖုန်းနဲ့ဓာတ်ပုံရိုက်တာလို့ပြောကြတယ်။ ဆရာတော်က ဆေးရုံပို့လိုက်တယ်လို့ပြောကြတယ်။ ဒဏ်ရာတော့ သိပ်မပြင်းထန်ဘူး။ ဒီလို ခရစ်ယာန်ဆရာတော်တစ်ပါးကို ရိုက်နှက်တာ မလုပ်သင့်ဘူး” လို့ပြောပါတယ်။

တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွင် အမှုတော်ဆောင်တစ်ပါးကို ZRA အဖွဲ့မှ ၎င်းနေအိမ်ရှေ့တွင် ထိုးနှက်ရိုက်နှက်ကာ ညှင်းပန်းနှိပ်စက်ပြီး ဆရာမှ တောင်းပန်ခဲ့သော်လည်း ၎င်းတို့ကိုင်ဆောင်သောလက်နက် များဖြင့်ချိန်ရွယ်ခြောက်လန့်ကာ ပျက်ရယ်ပြုခဲ့ကြသည်။ နစ်နာသူ၏ ပတ်ဝန်းကျင်တွင်ရှိသော စျေးဝယ်သူတစ်ဦးကိုလည်း အကြောင်းရင်းမရှိဆဲဆိုခြောက်လန့်ခဲ့ကြသည်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်