ကန်ပက်လက်မြို့ထွေအုပ်ရုံးနဲ့ ပညာရေးမှူးရုံးတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကိုတိုက်ခိုက်ရာ  ၃ ဦး သေဆုံး

အိုက်ခူမီး/၂၇၊ စက်တင်ဘာလ၊ ၂၀၂၃

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်ပညာရေးမှူးရုံးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-ကန်ပက်လက်က တိုက်ခိုက်ရာ (၃) ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထွေအုပ်ရုံးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ စက်တင်ဘာ (၂၇) ရက်နေ့၊ နံနက်(၆) နာရီမှ (၁၁) နာရီထိ CDF-ကန်ပက်လက်တပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အလားတူ မြို့နယ်ပညာရေးမှူးရုံးတွင် တပ်စွဲထားတဲ့  စစ်ကောင်စီတပ်ဖွဲ့အား မွန်းလွဲ (၂) နာရီမှ (၃) နာရီ အထိ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူ ဒဏ်ရာရရှိမူ အတည်မပြုနိုင်သေးဟု ဆိုပါတယ်။ ၎င်းတိုက်ပွဲတွင်း CDF-ကန်ပက်လက်ဘက်က အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

လက်လုပ်လက်နက်ကြီးတိကျမူမရှိခြင်းနဲ့ လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူ မရှိခြင်းကြောင့် ထွေအုပ်ရုံးအား ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းမူ ခွင့်သာပေမယ့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့တွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့် စစ်ကောင်စီတပ်စခန်းနဲ့ နီးသောနေရာတွေမှာ နေထိုင်ခြင်းမပြုလုပ်ကြဖို့ CDF-ကန်ပက်လက်က အသိပေးထားပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်