ဟားခါးနဲ့တီးတိန်မြို့မှာသင်္ကြန်ပွဲတော်ကျင်းပ

ဧပြီလ ၁၅၊ ၂၀၂၆

Zalen

ချင်းပြည်နယ်မှာ စစ်တပ်ထိန်းချုပ်ထားဆဲ မြို့တွေဖြစ်ကြတဲ့ ဟားခါးမြို့နဲ့ တီးတိန်မြို့တို့မှာ သင်္ကြန်ပွဲတော် ကျင်းပကြတယ်လို့သိရပါတယ်။

ဟားခါးမြို့မှာ ကျင်းပတဲ့သင်္ကြန်ပွဲတော်မှာ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ထားတဲ့ဒေါက်တာ ဝုန်ဆွန်းထန် အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးများတက်ရောက်ခဲ့ကြောင်း MTRV က ဖော်ပြပါတယ်။

Zalen ad

ဟားခါးမြို့သင်္ကြန်ပွဲတော်ကို ပြည်နယ်၊အစိုးရရုံးဝန်းထဲမှာကျင်းပခဲ့ကြခြင်းဖြစ်ပြီး ဒေသခံပြည်သူများ မပါဝင် ဘဲ ဌာနဆိုင်ရာဝန်ထမ်းများသာ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

အလားတူ တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အစိုးရတာဝန်ရှိသူများက ဦးစီးပြီး  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းထဲမှာ သင်္ကြန်ပွဲတော်ကိုကျင်းပခဲ့ကြတယ် လို့သိရပါတယ်။

တီးတိန်မြို့ဟာ အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ခရိုင်အဆင့်အဖြစ် အသစ်ထပ်မံ ဖွဲ့စည်းခဲ့တဲ့မြို့ဖြစ်ပြီး ယခုလို မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို မြို့လုံးကျွတ်အဆင့်နဲ့ ကျင်းပခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်