ကန်ပက်လက်မြို့နယ်တွင်လေကြောင်းဖြင့် လူနဲ့ လက်နက်အင်အားဖြည့်တင်းနေတာကြောင့် ပုန်းခိုကျင်းကြိုတင်တူးကြဖို့ ပြည်သူများထံ CDF-Kanpetlet ကတိုက်တွန်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် CDF-Kanpetlet တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား ယနေ့ အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီကနေ ၁၂ နာရီထိ တိုက်ပွဲဖြစ်ပွားတယ်လို့ CDF-Kanpetlet ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အထိနာတာကြောင့် ကန်ပက်လက်မြို့တွင်းနဲ့ အနီးနားကကျေးရွာတွေကို လက်နက်ကြီးဖြစ် တရစပ်ပစ်ခတ်ကြပါတယ်။ ဒါပေမယ့် လူနေအိမ်ထိခိုက်မှုတော့ မသိရသေးပါ။

ဒါ့ပြင် စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ ကန်ပက်လက်မြို့နဲ့ ကျင်ဒွေးမြို့မှာ လေကြောင်းဖြင့် လက်နက်နဲ့ လူအင်အား ဖြည့်တင်းနေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု ရှောင်ရှားနိုင်ရန် ပုန်းခိုကျင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားကြဖို့ အလေးအနက်တိုက်တွန်းကြောင်း CDF-Kanpetlet ကထုတ်ပြန်ထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်