တီးတိန်မြို့နယ်ကို စစ်ကောင်စီက နှစ်ရက် ဆက် တိုက် ဗုံးကြဲပြီး ‌တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ

၂၄၊ ဇွန်၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းဆင်စခန်းနဲ့ ထန်မွှော် (Thangmual) တောင်တို့ကို စစ်ကောင်စီတပ်က ဇွန် ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့ပြီး အမျိုးသားတစ််ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ဆင်စခန်းအနီးမှာ ဇွန် ၂၂ ရက်၊ ညနေ ၄ နာရီက စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ၁၆ နှစ် အရွယ် လူငယ် တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Zalen ad

” ခိုင်ကမ်းနားမှာက တိုက်ပွဲမရှိဘူး၊ ဒီတိုင်းကြဲသွားတာ၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ ဆင်ထိန်းလူငယ်တစ်ဦး သေသွားတယ်။ သူ့မိဘတွေကို ဆက်သွယ်တာ ဖုန်းလိုင်းပြတ်နေတော့ မရဘူး၊ အဲဒီအထက် ပိမ်းပိရွာမှာပဲ မနေ့မနက်က မြှုပ်လိုက်တယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိတဲ့အမျိုးသမီးကို ကလေးမြို့ ဆေးရုံကြီးမှာ ပို့‌ပေးခဲ့တယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနဲ့ လေးမိုင်ဝေးတဲ့ ထန်မွှော်တောင် (Thangmual) ကို ဇွန် ၂၃ ရက်နေ့က ညနေ ၅နာရီမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးနှစ်ကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

” မှိုင်းတွေ တိုက်နေတာတောင် ကြဲသွားတာ၊ အသံအကျယ်ကြီးကြားလိုက်ရတယ်၊ နှစ်ကြိမ်၊ လာတာက နှစ်ခေါက်လာတယ်။ အဲဒီမှာ အရင်က မိသားစု နှစ်စုပဲ ရှိတာ၊ အခုတော့ အောက်ကနေ ရှောင်လာတဲ့ စစ်ရှောင်တွေနေတာ။ အဲဒီကိုကြဲသွားတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် တစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး ထန်‌မွှော်မှာ နေထိုင်တဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ရက်ည မှာလည်း တီးတိန်မြို့နယ်၊ ဆိုင်းဇန် (Saizang) ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ မိသားစုတစ်စုထဲက ‌ခြောက်ဦး သေဆုံးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်