မလေးရှားမှာ ချင်းအမျိုးသားတစ်ဦးကားတိုက်ခံရလို့သေဆုံး

၂၃၊ ဇွန်လ၊ ၂၀၂၅

Zalen

မလေးရှားနိုင်ငံ၊ Jalan Lokeyew မှာ ချင်းအမျိုးသားတစ်ဦး မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ကားတိုက်ခံရလို့သေဆုံးခဲ့ ပါတယ်။

အခုလိုကားတိုက်ခံရတဲ့သူဟာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကြာအင်းကျေးရွာသားဖြစ်ပြီး မလေးရှား မလေးရှားဆဲန်ထန်ခရစ်ယာန်အသင်းတော် ( Senthang Christian Church Malaysia – SCCM အသင်းဝင်ဖြစ်တယ်လို့သိရပါတယ်။

Zalen ad

သေဆုံးသူဟာ ဦးပါထောင်း ( Pu Pa Thawng ) နဲ့ ဒေါ်ရှန်နှဲမ် ( Pi Siang Hnem ) တို့ရဲ့သား ဦးဟရဲမ်ကျုံး ( Pu Hrem Cung ) ဖြစ်ပါတယ်။

ဦးဟရဲမ်ကျုံး ( Pu Hrem Cung ) က ရွာမှာအမျိုးသမီးနဲ့ ကလေးနှစ်ဦးကိုချန်ထားခဲ့ကာ ကျန်ရစ်တဲ့မိသားစု နဲ့ ကလေးများကို ဘုရားသခင်နှစ်သိမ့်ပါစေကြောင်း Senthang Christian Church Malaysia – SCCM က ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်။

ဦးဟရဲမ်ကျုံး ( Pu Hrem Cung ) ရဲ့ ရက်လည်အစီအစဉ်ကို ဇွန်လ ၂၃ ရက်၊ ဒီည ၈ နာရီကနေ ၁၀ နာရီ အတွင်း Senthang Christian Church Malaysia – SCCM ဘုရားကျောင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ အလောင်း သဂြိုလ်မယ့်အစီအစဉ်ကိုတော့ပြန်လည်အသိပေးသွားမယ်လို့ SCCM က အသိပေးထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ကားတိုက်ခံရလို့သေဆုံးသွားတဲ့ ဦးဟရဲမ်ကျုံး

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ပြစ်ဒဏ်စေ့တဲ့ မြန်မာ ၆၉ ဦးအပါအဝင် ၉၇ ဦးကို နေရပ်ပြန်ပို့

ဧပြီ ၂၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်မှာ မြန်မာ (၆၉) ဦး အပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၉၇ ဦးကို သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်လိုက်ပြီလို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ သူတို့အားလုံးကို ...

ဆက်ဖတ်ရန်