ကလေးမြို့တောင်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးဟုဆို

ကလေးမြို့တောင်ပိုင်း ဟဲလုပ်ရွာတွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ဇွန်လ ၂၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီခွဲအချိန်ထိ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ VAKOK- CNDF ကသတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူဘက်က PDF ကလေးမှ ၁ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိသွားတယ်လို့ VAKOK- CNDF ကဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၉ ရက်တွင် ကလေးမြို့တောင်ပိုင်းသို့ အင်အား ၂၀၀ လောက်နဲ့စစ်ကြောင်းထိုးလာပြီး နတ်မြောင်းရွာတွင် ၂ ညအိပ်ကြပါတယ်။ အင်အား ၇၀ ခန့်ဟာ ဇွန်လ ၂၀ ရက်က ကလေးမြို့ဘက်သို့ပြန်လှည့်ပြီး အင်အား ၁၃၀ လောက်ဟာ နတ်မြောင်းရွာကနေ တောင်ဘက် ဟဲလုပ်ရွာသို့ ဆက်လက်ထွက်ခွာရာ ဟဲလုပ်ရွာမှာတပ်စွဲထားတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ VAKOK- CNDF ၊Kalay PDF ၊CDF (KKG)၊ပကဖ နှင့် RKDF တပ်ဖွဲ့တို့ပါဝင်ပါတယ်။

Zalen ad

Zawgyi

ကေလးၿမိဳ႕ေတာင္ပိုင္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္သား ၁၀ ေယာက္ထက္မနည္း ေသဆုံးဟုဆို

ကေလးၿမိဳ႕ေတာင္ပိုင္း ဟဲလုပ္႐ြာတြင္ စစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕တို႔ဟာ ဇြန္လ ၂၀ ရက္ မနက္ ၁၀ နာရီကေန ညေန ၃ နာရီခြဲအခ်ိန္ထိ တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီတပ္သား ၁၀ ေယာက္ထက္မနည္းေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိတယ္လုိ႔ VAKOK- CNDF ကသတင္းထုတ္ျပန္ထားပါတယ္။

ျပည္သူဘက္က PDF ကေလးမွ ၁ဦးက်ဆုံးၿပီး ၄ ဦးဒဏ္ရာရရွိသြားတယ္လို႔ VAKOK- CNDF ကေဖာ္ျပထားပါတယ္။

စစ္ေကာင္စီတပ္သားေတြဟာ ဇြန္လ ၁၉ ရက္တြင္ ကေလးၿမိဳ႕ေတာင္ပိုင္းသို႔ အင္အား ၂၀၀ ေလာက္နဲ႔စစ္ေၾကာင္းထိုးလာၿပီး နတ္ေျမာင္း႐ြာတြင္ ၂ ညအိပ္ၾကပါတယ္။ အင္အား ၇၀ ခန႔္ဟာ ဇြန္လ ၂၀ ရက္က ကေလးၿမိဳ႕ဘက္သို႔ျပန္လွည့္ၿပီး အင္အား ၁၃၀ ေလာက္ဟာ နတ္ေျမာင္း႐ြာကေန ေတာင္ဘက္ ဟဲလုပ္႐ြာသို႔ ဆက္လက္ထြက္ခြာရာ ဟဲလုပ္႐ြာမွာတပ္စြဲထားတဲ့ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ဒီတိုက္ပြဲမွာ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားမွ VAKOK- CNDF ၊Kalay PDF ၊CDF (KKG)၊ပကဖ ႏွင့္ RKDF တပ္ဖြဲ႕တို႔ပါဝင္ပါတယ္။

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်