ကလေးမြို့တောင်ပိုင်းသို့ စစ်ကောင်စီတပ်မှလက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဖီလာနှင့် အဖွဲ့စက်ရှိ စစ်ကောင်စီတပ်များက မနေ့ ဇွန်လ ၁၈ရက် ည ၇ နာရီအချိန်ခန့်မှ ကလေးတောင်ပိုင်းသို လက်နက်ကြီးအကြိမ် ၂၀ ဝန်းကျင် ရမ်းသမ်းပစ်ခတ်ရာ ထိုမာကျေးရွာနေ အသက် ၄၀ ဝန်းကျင်ခန့် ဦးဘဦး သေဆုံးပြီး အသက်၂၃ နှစ် အရွယ် မိန်းကလေး ၁ဦး မစိုးရိမ်ရ  သည်ဟုသတင်းရရှိသည်။

လက်နက်ကြီးကြောင့်သေဆုံးသည့်အမျိုးသားသည် ဝမ်းဗိုက်၊ ရင်ဘတ်၊ လက်မောင်းနှင့် မျက်နှာများတွင် ထိခိုက်ဒဏ်ရာရရှိပါသည်။

ထို့အပြင် သာယာကုန်းကျေးရွာတွင်လည်း လက်နက်ကြီး​ ၁လုံး ကျရောက်ပေါက်ကွဲကာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” ညနေ ၇ နာရီအချိန်လောက်မှာပေါ့နော် ထိုမာရွာထဲမှာ လက်နက်ကြီး ၄ လုံးပေါက်ကွဲတယ်၊ ကိုဘဦးဆိုတဲ့သူက အဲနေရာမှာသေဆုံးသွားတယ်ဗျာ၊ ပြီးတော့ မိန်းခလေး ၁ဦး ဒဏ်ရရှိတာရှိတယ်၊ သာယာကုန်းရွာထဲမှာလည်းလက်နက်ကြီး ၁လုံးကျတယ်။ ဝက်စာကျွေးနေတဲ့ အမျိုးသမီး ၁ဦးဒဏ်ရာရတယ်” ဟုဒေသခံပြည်သူတစ်ဦးက ပြောပါသည်။

Zalen ad

စစ်ကောင်စီများရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ထိုမာကျေးရွာထဲတွင် ၈၀ မမ လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွာကာ သာယာကုန်းကျေးရွာထဲတွင်လည်း ၁၂၀ မမ လက်နက်ကြီး ၁လုံး ကျရောက်ပေါက်ကွဲကြောင်း သိရှိရပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ(၆)ရက်နေ့ကစပြီး ကလေးမြိုနယ် တောင်ပိုင်းဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေပြီး အရပ်သားသေဆုံးဒဏ်ရာရရှိမှု၊ နေအိမ်ထိခိုက်မှုများရှိသည်ဟုသိရသည်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်