ကလေးမြို့တွင် ပြည်သူ့စစ်အဖွဲ့ထံ စစ်ကောင်စီက ဆိုင်ကယ်အစီး ၁၂၀ ပေးအပ်

ကလေးမြို့တွင် စစ်ကောင်စီကျောထောက်နောက်ခံ ပြည်သူ့စစ်အဖွဲ့အား ဒကစ(ကလေး)၌ ဩဂုတ် ၁၉ က ဆိုင်ကယ်အစီး ၁၂၀ ထောက်ပံ့ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် လူမှုကွန်ရက်များတွင် ရေးသားကြပါတယ်။

ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)ဝန်းရှိ အောင်ဆန်းခန်းမ၌ ယမန်နေ့က အခမ်းအနားပုံစံဖြင့် ကျင်းပခဲ့ပြီး ခန်းမအတွင်း ဝဲယာဘက်၌ အဆိုပါဆိုင်ကယ်များကို စီတန်းထားပါတယ်။

ပေးအပ်သည့်ဆိုင်ကယ်များမှာ 125/110(ဒေသအခေါ် ရုပ်ဆိုး) ဆိုင်ကယ်အမျိုးအစားများဖြစ်ပါတယ်။

အလားတူ ယနေ့ ဩဂုတ် ၂၀ တွင် မကွေးတိုင်း ပခုက္ကူမြို့နယ်တွင်လည်း ပြည်သူ့စစ်များအား ဆိုင်ကယ်များပေးအပ်ကြောင်း စစ်ကောင်စီအားပေး တယ်လီဂရမ်များတွင် ရေးသားထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်