ကလေးမြို့နယ်မှာ ဒေသခံ တစ်သောင်းကျော်တိမ်းရှောင်နေရ၊ အရေးပေါ် အကူအညီလိုအပ်နေ

အောက်တိုဘာ ၂၂၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ကလေး-တမူး လမ်းမနဲ့ ကလေး-ဂန့်‌ဂေါလမ်းမကြီးတို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ၀င်ရောက်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။

ကလေး မြောက်ပိုင်းနဲ့ တောင်ပိုင်းက ကျေးရွာ ၅၀ ထက်မနည်းမှာရှိတဲ့ ဒေသခံ လူဦးရေ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Zalen ad

စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးသူငယ်တွေ ပါ၀င်ပြီး အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စတဲ့ အကူအညီတွေ လိုအပ်နေတာလို့ ပြောပါတယ်။

” အခုတစ်ခေါက်က တောင်ရောမြောက်ရော ထိုးနေတာ၊ အင်အားများတော့ ပြေးရတဲ့ရွာတွေလည်း များတယ်။ လောလောဆယ် စားနပ်ရိက္ခာအဓိက လိုတာ ပေါ့လေ၊ အခုက ဆောင်းလည်း စ၀င်တော့မှာဆိုတော့ အေးလည်း အေးလာပြီ၊ တောထဲတောင်ထဲရှောင်‌နေရတဲ့သူတွေလည်းရှိနေတော့ အကူအညီတွေ လိုအပ်နေတာပါ။ ” လို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ရာဇဂြိုဟ်၊ အရှေ့ခုံသာ၊ အနောက်ခုံသာ၊ နန်းဟံနွဲ့၊ နန်းစောင်းပု၊ ကံကြီး၊ ကံသာယာ၊ ကြံစက်ကုန်း ၊ ၅၆ မိုင်၊ လက်ပံချောင်း၊ ပျဉ်းတောဦး၊ အောင်ရွာ၊ မင်းလှ၊ မြောက်ချောတော၊ သာယာကုန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာပါ။

ဘေးလွတ်ရာ အနီးနားက ရွာတွေနဲ့ ကလေးမြို့ပေါ်ကိုလည်း ထွက်ပြေးကြသလို အိန္ဒိယ နယ်စပ်ဘက်ကိုလည်း ထွက်ပြေးခိုလှုံနေကြရပါတယ်။

အရေးပေါ်တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေ အချိန်မီဖြည့်တင်းနိုင်ရေး ကလေးမြို့လူထုတိုက် ပွဲဦးဆောင်ကော်မတီအနေနဲ့ အရေးပေါ်တုံ့ပြန်ရေးနဲ့ကူညီရေးအဖွဲ့ ကို ဖွဲ့စည်းထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆ Zalen လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် ...

ဆက်ဖတ်ရန်