ကလေးမြို့အတွင်း သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဖမ်းဆီးရမိ

ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ပင်လုံလမ်းတွင် အနောက်မှ အရှေ့သို့ ဒေါ်နွယ်နွယ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြား တွင် တင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၂၀ ဂရမ် (ဒေသကာလပေါက်ဈေးကျပ် ၁၃၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား ရောင်းချသူ မပါးရ်လှယ်ရန်(ခ)မသူဇာ အား ၁၁၀၀ အချိန် ပင်လုံလမ်းမပေါ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်နွယ်နွယ်ဦး(၅၂)နှစ် နှင့် မပါးရ်လှယ်ရန်(ခ)မသူဇာ(၃၆)နှစ် တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar မှ ဖော်ပြအပ်ပါသည်။

Zawgyi

ကေလးၿမိဳ႕အတြင္း သိန္း ၁၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴ ဖမ္းဆီးရမိ

ကေလးၿမိဳ႕၊ ပင္လုံရပ္ကြက္၊ ပင္လုံလမ္းတြင္ အေနာက္မွ အေရွ႕သို႔ ေဒၚႏြယ္ႏြယ္ဦး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ ညေန ၃ နာရီတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရပ္တန႔္စစ္ေဆးရွာေဖြရာ ဆိုင္ကယ္ခြၾကား တြင္ တင္ေဆာင္လာသည့္ ႂကြပ္ႂကြပ္အိတ္အတြင္းမွ ဆပ္ျပာခြက္မ်ားျဖင့္ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ ၂၂၀ ဂရမ္ (ေဒသကာလေပါက္ေဈးက်ပ္ ၁၃၂ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့တယ္လုိ႔ သိရတယ္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ အဆိုပါဘိန္းျဖဴမ်ားအား ေရာင္းခ်သူ မပါးရ္လွယ္ရန္(ခ)မသူဇာ အား ၁၁၀၀ အခ်ိန္ ပင္လုံလမ္းမေပၚတြင္ လက္ကိုင္ဖုန္း ၁ လုံးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ ေဒၚႏြယ္ႏြယ္ဦး(၅၂)ႏွစ္ ႏွင့္ မပါးရ္လွယ္ရန္(ခ)မသူဇာ(၃၆)ႏွစ္ တို႔အား ကေလးၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDAC Myanmarမွ ေဖာ္ျပအပ္ပါသည္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်