ကလေးမြို့၊ကြို့သုံးပင်ရပ်ကွက်တွင် မိုင်းပေါက်ကွဲလို့ ကလေးငယ်တစ်ဦးသေဆုံ

ဒေမီယံ/ စက်တင်ဘာ ၂၉၊၂၀၂၃

စစ်ကိုင်းတိုင်း၊ကြို့သုံးပင်ရပ်ကွက်၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်းနားတွင်စက်တင်ဘာ ၂၈ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ဝန်းကျင်ခန့်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီးအသက် ၁၀နှစ်အရွယ် လေးတန်းကျောင်းသား တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၁၀နှစ်အရွယ် Joseph Tluang Than Vel (ဂျိုးဆပ်တလွန်ထန်ဗဲလ်း) ဟာ စက်တင်ဘာ ၂၈ရက်နေ့ ညနေပိုင်းမှာသူငယ်ချင်းများနဲ့ စက်ဘီးစီးရင်း မွန်းလိုင်နှစ်ခြင်း ဘုရားကျောင်းရှေ့အရောက်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့လို့ ဝမ်းဗိုက်နဲ့ရင်အုံတဝိုက် ဒဏ်ရာအပြင်းထန်ရကာ ဆေးရုံပို့နေချိန် လမ်းမှာ အသက်ထွက်တာလို့နီးစပ်သူတွေကပြောပါတယ်။

“သူ့သူငယ်ချင်းတွေနဲ့ စက်ဘီးပတ်စီးရင်း မွန်းလိုင်နှစ်ခြင်းဘုရားကျောင်းရှေ့အရောက်မှာတိုက်တိုက်ဆိုင်ဆိုင် သူ့အနားတင်မိုင်းကွဲတာ။ ဖြစ်ဖြစ်ချင်း ဆေးရုံပို့ဖို့အမြန်စီစဥ်ကြပေမယ့်သွေးအထွက်လွန်ပြီး လမ်းမှာတင်ဆုံးသွားတယ်။ ကလေးရဲ့မိသားစုတွေ ရင်ကျိုးတာပေါ့ဗျာ။ကလေးက ငယ်ငယ်လေးပဲရှိသေးတာ။ မိုင်းကိုဘယ်အဖွဲ့စည်းက ထောင်တာဖြစ်ဖြစ်ပြည်သူတွေသွားလာတဲ့နေရာမှာတော့ ပြည်သူတွေကို ငဲ့ညှာစေချင်ပါတယ်။ကျနော်တို့ပြည်သူတွေဘဝက သနားစရာပါဗျာ” လို့ ကြို့သုံးပင်ရပ်ကွက် ဒေသခံတစ်ဦးကသုံးသပ်ပြောဆိုပါတယ်။

ကြို့သုံးပင်ရပ်ကွက် မွန်းလိုင်မှာလွန်ခဲ့တဲ့ရက်သတ္တပတ်ကလည်း မိုင်းသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၅ဦး အသီးသီးဒဏ်ရာရခဲ့ပါတယ်။ဒေသခံပြည်သူများအနေနဲ့ အပြင်သွားလာဖို့အရေး စိုးရိမ်တကြီးနဲ့ ဂရုတစိုက်ဆင်ခြင်နေရတယ်လို့လည်း မွန်းလိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနေ့က ကြို့သုံးပင်ဘက်တွင် တိုက်ပွဲမဖြစ်ပေမယ့် မြို့လှ၊ အင်ဒိုင်းကုန်းရပ်ကွက်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်