ကလေးမြို့ တောင်ပိုင်းတိုက်ပွဲမှာ CNDF ရဲဘော်တစ်ဦးကျဆုံး

▪️စစ်ကောင်စီကရဟတ်ယာဉ်နှင့်ချပေးတဲ့ လက်နက်ခဲယမ်းတစ်ချို့ပူးပေါင်းတပ်ဖွဲ့များကရရှိ

၂၂၊နိုဝင်ဘာ၊၂၀၂၃

Zalen

ကလေးမြို့နယ်၊ တောင်ပိုင်းမှာ နိုဝင်ဘာလ ၂၁ရက် ယမန်နေ့က ရန်ကြီးအောင်စခန်းကိုCNDFနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး CNDFတပ်ဖွဲ့ဝင် ရဲဘော် ဆလိုင်းဗန်နွန်ထန်း(၁၉နှစ်)ကျဆုံးခဲ့တယ်လို့ CNOကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိနိုင်ပြီးစစ်ကောင်စီဘက်က Mi35တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း၊ရန်ကြီးအောင်စခန်းအတွက်စစ်ကောင်စီကရဟတ်ယာဉ်နဲ့ပစ်ချပေးခဲ့တဲ့ လက်နက်ခဲယမ်းတစ်ချို့ကိုလည်း ပူးပေါင်းတပ်ဖွဲ့များကရရှိခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့CNDFရဲဘော်တစ်ယောက်ကျတယ်။စကစဘက်ကလည်း အထိခိုက်ရှိနိုင်တယ်။  အတည်ပြုလို့တော့မရသေးဘူး။ Mi35နဲ့လည်း လေကြောင်းကနေ ၂ခါလာပစ်တယ်။ရန်ကြီးအောင်စခန်းက လက်နက်ခဲယမ်းနည်းနေတော့ ပုဇဉ်းပေါ်ကနေလေထီးနဲ့လက်နက်ခဲယမ်းတွေလာချတယ်။ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကလည်း ကောက်ရတာတွေရှိတယ်”လို့ CNDF တပ်မဟာ (၁) တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ရန်ကြီးအောင်ကျေးရွာဟာ ကလေး-ဂန့်ဂေါကားလမ်းဘေး သံဖိုကျေးရွာအနီးမှာရှိပါတယ်။

ယမန်နေ့မှာပဲ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း နှစ်ဖက်လုံးမှာ ထိတွေ့တိုက်ပွဲများဖြစ်ပွါးမှုများရှိခဲ့ပြီး ကလေးနယ်မြောက်ပိုင်းမှာလည်း PDF-KALAY တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူ၂ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း- HAK

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်