ကိုးကန့် ခေါင်းဆောင်ဟောင်း ပယ် မိသားစု၀င် ငါးဦးကို တရုတ် သေဒဏ်ချမှတ်

နိုဝင်ဘာ ၄ ၊ ၂၀၂၅
Zalen

တရုတ်နိုင်ငံမှာ ကျားဖြန့်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နဲ့ သားဖြစ်သူ ပယ်ရင်ချိန်အပါအ၀င် ပယ်မိသားစုဝင် ငါးဦးကို နို၀င်ဘာ ၄ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်ကျန်းပြည်သူ့တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး တခြားအဖွဲ့ဝင်တွေကို ထောင်ဒဏ် ၃ နှစ်ကနေ အနှစ် ၂၀ အထိ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ငွေဒဏ်၊ ပစ္စည်းသိမ်းယူတာနဲ့ တခြားပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ရှန်ကျန်းပြည်သူ့တရားရုံးက ထုတ်ပြန်ပါတယ်။

Zalen ad

နောက်ထပ် လီဖူရှိုနဲ့ လီဇူးတို့ကိုတော့ နှစ်နှစ် ဆိုင်းငံ့သေဒဏ်ချမှတ်လိုက်ပြီး ဆက်စပ်သူ ငါးဦးကိုလည်း ထောင်ဒဏ်တစ်သက်၊ တခြား ခုနစ်ဦးကို နှစ်နှစ် သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ပြည်နှင်ဒဏ်အပါအဝင် အပိုပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ပယ်ဆောက်ချိန်အပါ မိသားစုဝင်တွေကို အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)၊လူသတ်မှု၊ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်မှု၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပေးဖို့စီစဉ်မှု၊ ပြည့်တန်ဆာမှု အပါအဝင် အမှုပေါင်းများစွာနဲ့ စွဲချက်တင်ခဲ့တာပါ။

တရားရုံးရဲ့အဆိုအရ တရုတ်တာဝန်ရှိသူတွေဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာလောက်ကိုင်ကို သွားရောက်ခဲ့ပြီး လူထောင်ချီဆီကနေ သက်သေတွေ ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဥက္ကဋ္ဌ အဖြစ် ပယ်ဆောက်ချိန် တာဝန်ယူခဲ့ချိန်မှာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီး တရုတ်နိုင်ငံသားများစွာကို နယ်စပ်ဖြတ်ကျော်ပြီး လောင်းကစားလုပ်အောင် စီစဥ်ခဲ့တယ်လို့ ဆိုပါတယ်။

ပယ် မိသားစု ရာဇဝတ်ဂိုဏ်းကို ပယ်ဆောက်ချိန် ၊ ပယ်ရင်နန် နဲ့ ပယ်ရင်ချန် အပါအဝင် ဂိုဏ်းခေါင်းဆောင်တွေက ဦးဆောင်ခဲ့ပြီး အရေးကြီးအဖွဲ့ဝင်တွေမှာ သူတို့ရဲ့ ဆွေမျိုး၊ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားတွေနဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေ ပါဝင်ကာ အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံရှိ ကိုးကန့်ဒေသမှာ သူတို့ရဲ့မိသားစု ဩဇာကို အသုံးချခဲ့တယ်လို့ သိရပါတယ်။
ကိုးကန့် ဒေသရဲ့ ထင်ရှားတဲ့ မိသားစုကြီးတွေဖြစ်တဲ့ ပယ်အိမ်၊ ဝေအိမ်၊ မြီအိမ်နဲ့ လျို အိမ်တို့ဟာ ကျားဖြန့် အပါအဝင် အမှုပေါင်းများစွာနဲ့ စွပ်စွဲခံရပြီး တရုတ်က အကျဥ်းထောင်တွေထဲမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ ကွယ်လွန်သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း စတဲ့ မြီမိသားစုအပါအဝင် လူ ၁၁ ဦးကို တရုတ်က ‌သေဒဏ်ချမှတ်ထားပါတယ်။

Mo Mo

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်