ကလေးမြို့နယ်မှာ အမည်မသိ အမျိုးသမီးအလောင်းတွေ့ရှိ

ကလေးမြို့နယ် ဆည်တောရွာအလွန် ကမ္ဘာနီးတံတားအနီး ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာနိုဝင်ဘာ(၂၈) နံနက် (၄)နာရီခန့်က အမည်မသိ အမျိုးသမီးအလောင်းတွေ့ရှိတယ်လို့ ကလေးမြို့နယ်ရဲမှတ်တမ်းအရသိရပါတယ်။

၎င်းအမျိုးသမီးဟာ အသက်(၃၀)ခန့်ရှိပြီး ကားကြိတ်ခံရသဖြင့် ဦးခေါင်းကြေမွပြီး ဦးနှောက်ထွက်ဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာ၊ ယာဘက်ခြမ်းရင်ဘတ်နှင့် ဝမ်းဗိုက်ပွန်းဒဏ်ရာ၊ ယာဘက်နံရိုးများကျိုးဒဏ်ရာ၊ ကျောယာဘက်ခြမ်းပွန်းဒဏ်ရာ၊ ယာဘက်မောင်းကျိုးဒဏ်ရာ၊ ဝဲနှင့်ယာပေါင်ကျိုးဒဏ်ရာ၊ ဝဲနှင့်ယခြေသလုံးကျိုးဒဏ်ရာ၊ ဝဲဘက်ခြေဖနောင့်ပွန်းဒဏ်ရာ၊ နဲ့ ယာဘက်ခြေခုံပွန်းဒဏ်ရာတို့ရရှိထားပါတယ်။

ကားနဲ့တက်ကြိတ်သွားတဲ့ ယာဉ်မောင်းကို ကလေးမြို့နယ်ရဲတပ်ဖွဲ့ကစုံစမ်းနေဆဲဖြစ်ပါတယ်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဆဲဖြစ်ပြီး အလောင်းကို နတ်ချောင်းတိုက်နယ်ဆေးရုံမှာ ဆေးစာပေးပို့ပြီး ကလေးမြို့ပြည်သူ့ဆေးရုံသို့သယ်ဆောင်သွားပါတယ်။

ဆည်တောရွာ သင်းအုပ်ဆရာတော် ဆလိုင်းဇော်လင်းထွန်းက “ဒီအနီးနားတစ်ဝိုက်မှာ ကျနော်တို့ရွာပဲရှိတယ်။ ဒါပေမယ့် ကျနော်တို့ရွာက လူလည်းမဟုတ်ဘူး”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်