ကလေးမြို့ နယူးဧဒင်တည်းခိုခန်းတွင် အမျိုးသမီးအလောင်းတွေ့ရှိ

ကလေးမြို့ နယူးဧဒင်တည်းခိုခန်းတွင် အမျိုးသမီးအလောင်းတွေ့ရှိ

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ နယူးဧဒင်တည်းခိုခန်းတွင် ပြင်ဦးလွင်မြို့မှလာရောက်တည်းခိုတဲ့ မခင်သန်းမြင့် (၄၁ နှစ်)အလောင်းကို ဒီမနက်တွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ (၂)ရှိ နယူးဧဒင်ဧည့်ရိပ်မွန် တည်းခိုခန်း အခန်းအမှတ် (၇)တွင် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း နယူးဧဒင်ဧည့်ရိပ်မွန် တည်းခိုခန်းမန်နေဂျာက တာဟန်း ရဲကင်းမှူးထံ သြဂုတ်လ (၂၉)ရက် နေ့လည် ၁ နာရီကျော်တွင်အကြောင်းကြားလာပါတယ်။ ကလေးမြို့နယ် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မခင်သန်းမြင့် (၄၁ နှစ်) (ဘ)ဦးလှငွေ၊ အမှတ် (၁၃၃)၊ ချယ်ရီးလမ်း၊ ပြင်ဦးလွင်မြို့တွင်နေထိုင်တဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။

၎င်းဟာ ပါးစပ်၊ နှာခေါင်း၊ စအိုစသည်တို့မှ သွေးများယိုစိမ့်နေကြောင်းတွေ့ရှိရပါပြီး ၎င်းဟာ အသဲရောဂါဖြစ်မကြာခဏဆေးကုသမှုခံယူနေရသူဖြစ်ပေမယ့် အရက်ဖြတ်ခြင်းမရှိပဲဆက်လက်သောက်သုံးနေကြောင်း၊ အလောင်းပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရကြောင်း၊ အလောင်းအား ကလေးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် စစ်ဆေးလျက်ရှိပါတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်