ကျင်ဒွေးမြို့ သိမ်းပွဲတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းတိုက်ခိုက်မှု ၃၀၀ နီးပါး ပြုလုပ်ခဲ့

၁၊ မေ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီက ပေါင်း ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းတိုက်ခိုက်မှု ၂၈၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီနေ့ မေလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး နယ်မြေခံ ချင်းလဲန်းကာကွယ်ရေးတပ်(ကန်ပက်လက်)နဲ့ အခြားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါ။

မတ်လ ၇ ရက်နေ့ကစပြီး ချင်းညီနောင် စစ်ဆင်ရေးအနေဖြစ် ကျင်ဒွေးမြို့သိမ်း တိုက်ပွဲဆင်နွှဲပြီး နှစ်လအကြာ ဧပြီလ ၂၉ ရက်နေ့မှာ မြို့အားလုံစုံကို တိုက်ခိုက် သိမ်းပိုက်ရရှိထားသလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲကို ချင်းညီနောင် တပ်ဖွဲ့အပြင် PDF ၊ YDF ၊ LPDF တွေနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်(AA)ရဲ့ အကူညီနဲ့အတူ စစ်ရေးအရှိန်မြင့် တိုက်ခိုက်သိမ်းပိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

၄ လကျော် ကြာမြင်ခဲ့တဲ့ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာ တိုက်ပွဲဝင်နေကြတဲ့ ထောက်ပို့ပြည်သူတွေနဲ့ စစ်သည်တော်တွေ အားလုံးရဲ့ ပြောင်မြောက်တဲ့ တိုက်ရည်၊ ခိုက်ရည်၊ ရဲစွမ်းသတ္တိနဲ့ အမိန့်နာခံမှုအပေါ် ချင်းညီနောင်အနေနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ကျင်ဒွေး စခန်းသိမ်းတိုက်ပွဲမှာ တိုက်ပွဲဝင်ရင်း အသက်နဲ့ ကိုယ်လက်ဆုံးရှုံးခဲ့ရတဲ့ စစ်သည်တော်တွေကို လေးလေးနက်နက် လေးစားစွာ အသိအမှတ်ပြုတယ်လို့ ချင်းညီနောင်အဖွဲ့က ဆိုပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်