ကျောက်ထုမြို့တွင် မင်းတပ်ဘက်စစ်ဘေးရှောင်တစ်ထောင်နီးပါးထပ်မံရောက်ရှိပြီး နေရေးစားရေးအတွက် အလှူရှင်တွေလိုအပ်

မကွေးတိုင်း၊ ကျောက်ထုမြို့တွင် ချင်းပြည်နယ် မင်းတပ်မြို့ပေါ်က စစ်ဘေးရှောင် တစ်ထောင်နီးပါးထပ်မံရောက်ရှိလာပြီး ၄င်းတို့အတွက် နေရာထိုင်ခင်းနဲ့ စားရေးအတွက် အလှူရှင်တွေလိုအပ်နေတယ်လို့ ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီထံမှသတင်းရရှိပါတယ်။

CDF-Mindat တပ်ဖွဲ့က ထန်တလန်မြို့မီးရှို့ခံရတာနဲ့ သင်းအုပ်ဆရာတော်ပစ်သတ်ခံရခြင်းကြောင့် သွေးကြွေးစပ်ရန်ဟုဆိုကာ စက်တင်ဘာ ၁၉ ရက်က မြို့ထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က ချင်းပြည်နယ် ၈ မြို့နယ်ကို စက်တင်ဘာ ၂၃ ရက်ကစပြီး အင်တာနက်တွေပိတ်ကာ ၂ ပတ်အတွင်း CDF ကိုအပြီးချေမှုန်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကြောင့် မင်းတပ်မြို့ပေါ်က ပြည်သူတွေဟာ ကားနဲ့လည်းကောင်း၊ ခြေခြေနဲ့လည်းကောင်းကျောက်ထုဘက်ကိုထွက်ပြေးတိမ်းရှောင်ကြပါတယ်။

ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ပြီးခဲ့တဲ့ ၄ ရက် ၅ ရက်လောက်က သဲတင်ကားနဲ့ကော ဆိုင်ကယ်၊ ခြေခြေနဲ့ပါ စစ်ဘေးရှောင်တွေထပ်ရောက်လာကြတယ်။ ခုဆို စစ်ဘေးရှောင် ၈၀၀ ကနေ တစ်ထောင်ကြားလောက်ရှိမယ်။ တချို့က အသိဆွေမျိုးအိမ်မှာနေကြတယ်။ အများစု ဘုရားကျောင်းဝန်းထဲမှာ ဘုန်းကြီးကျောင်းထဲမှာ ဘော်ဒါဆောင်တွေထဲမှာနေကြတယ်။ အခုလည်း ထပ်ပြေးဖို့နေရာရှိလာလို့ဖုန်းနဲ့မေးတဲ့သူတွေရှိတယ်။ ဒါပမေယ့် နေရာမရှိတော့လို့ ဒါကြောင့် တဲတွေထပ်ဆောက်ပေးဖို့စီစဉ်ထားတယ်။ ဒီလကုန်ထိပဲ မြို့ပြင်ထွက်ခွင့်ပေးမယ်လို့ စကစဘက်ကသတင်းကြားတာရယ် အမျိုးသမီးလိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေကြောင့်ရယ် စစ်ဘေးရှောင်ပိုများလာတယ်။ အလှူရှင်ကလည်းမရှိတော့ ဒီနေ့ ကော်မတီနာမည်နဲ့ သိန်း ၂၀ ချေးပြီးတော့ လိုအပ်တာတွေဝယ်ကြတယ်” လို့ပြောပါတယ်။

ယောနယ်ဒေသတဝိုက်မှာ မင်းတပ်ဘက်ကနေ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၂ ထောင်ပတ်ဝန်းကျင်ရှိပါတယ်။ ကျောက်ထုမြို့က မင်းတပ်စစ်ဘေးရှောင်အတွက် အလှူဝင်ထည့်ချင်တယ်ဆိုရင် ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီရဲ့ Facebook page inbox ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Page Link https://www.facebook.com/Kyauk-Htu-IDPs-Management-Committee-101180965665508

Zawgyi

ေက်ာက္ထုၿမိဳ႕တြင္ မင္းတပ္ဘက္စစ္ေဘးေရွာင္တစ္ေထာင္နီးပါးထပ္မံေရာက္ရွိၿပီး ေနေရးစားေရးအတြက္ အလွဴရွင္ေတြလိုအပ္

မေကြးတုိင္း၊ ေက်ာက္ထုၿမိဳ႕တြင္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ေပၚက စစ္ေဘးေရွာင္ တစ္ေထာင္နီးပါးထပ္မံေရာက္ရွိလာၿပီး ၄င္းတို႔အတြက္ ေနရာထုိင္ခင္းနဲ႔ စားေရးအတြက္ အလွဴရွင္ေတြလိုအပ္ေနတယ္လုိ႔ ေက်ာက္ထုစစ္ေဘးေရွာင္စီမံခန္႔ခြဲေရးေကာ္မတီထံမွသတင္းရရွိပါတယ္။

CDF-Mindat တပ္ဖြဲ႔က ထန္တလန္ၿမိဳ႕မီးရိႈ႕ခံရတာနဲ႔ သင္းအုပ္ဆရာေတာ္ပစ္သတ္ခံရျခင္းေၾကာင့္ ေသြးေၾကြးစပ္ရန္ဟုဆိုကာ စက္တင္ဘာ ၁၉ ရက္က ၿမိဳ႕ထဲမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ပါတယ္။

စစ္ေကာင္စီဘက္က ခ်င္းျပည္နယ္ ၈ ၿမိဳ႕နယ္ကို စက္တင္ဘာ ၂၃ ရက္ကစၿပီး အင္တာနက္ေတြပိတ္ကာ ၂ ပတ္အတြင္း CDF ကိုအၿပီးေခ်မႈန္းမယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာတာေၾကာင့္ မင္းတပ္ၿမိဳ႕ေပၚက ျပည္သူေတြဟာ ကားနဲ႔လည္းေကာင္း၊ ေျခေျခနဲ႔လည္းေကာင္းေက်ာက္ထုဘက္ကိုထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။

ေက်ာက္ထုစစ္ေဘးေရွာင္စီမံခန္႔ခြဲေရးေကာ္မတီမွ တာဝန္ရွိပုဂိၢဳလ္တစ္ဦးက “ၿပီးခဲ့တဲ့ ၄ ရက္ ၅ ရက္ေလာက္က သဲတင္ကားနဲ႔ေကာ ဆုိင္ကယ္၊ ေျခေျခနဲ႔ပါ စစ္ေဘးေရွာင္ေတြထပ္ေရာက္လာၾကတယ္။ ခုဆို စစ္ေဘးေရွာင္ ၈၀၀ ကေန တစ္ေထာင္ၾကားေလာက္ရွိမယ္။ တခ်ဳိ႕က အသိေဆြမ်ဳိးအိမ္မွာေနၾကတယ္။ အမ်ားစု ဘုရားေက်ာင္းဝန္းထဲမွာ ဘုန္းၾကီးေက်ာင္းထဲမွာ ေဘာ္ဒါေဆာင္ေတြထဲမွာေနၾကတယ္။ အခုလည္း ထပ္ေျပးဖုိ႔ေနရာရွိလာလို႔ဖုန္းနဲ႔ေမးတဲ့သူေတြရွိတယ္။ ဒါပေမယ့္ ေနရာမရွိေတာ့လုိ႔ ဒါေၾကာင့္ တဲေတြထပ္ေဆာက္ေပးဖို႔စီစဥ္ထားတယ္။ ဒီလကုန္ထိပဲ ၿမိဳ႕ျပင္ထြက္ခြင့္ေပးမယ္လုိ႔ စကစဘက္ကသတင္းၾကားတာရယ္ အမ်ဳိးသမီးလိင္ပိုင္းဆိုင္ရာေႏွာက္ယွက္မႈေတြေၾကာင့္ရယ္ စစ္ေဘးေရွာင္ပိုမ်ားလာတယ္။ အလွဴရွင္ကလည္းမရွိေတာ့ ဒီေန႔ ေကာ္မတီနာမည္နဲ႔ သိန္း ၂၀ ေခ်းၿပီးေတာ့ လိုအပ္တာေတြဝယ္ၾကတယ္” လုိ႔ေျပာပါတယ္။

ေယာနယ္ေဒသတဝိုက္မွာ မင္းတပ္ဘက္ကေန စစ္ေဘးေရွာင္ျပည္သူ စုစုေပါင္း ၂ ေထာင္ပတ္ဝန္းက်င္ရွိပါတယ္။ ေက်ာက္ထုၿမိဳ႕က မင္းတပ္စစ္ေဘးေရွာင္အတြက္ အလွဴဝင္ထည့္ခ်င္တယ္ဆုိရင္ ေက်ာက္ထုစစ္ေဘးေရွာင္စီမံခန္႔ခြဲေရးေကာ္မတီရဲ႕ Facebook page inbox ကေနတဆင့္ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။ Page Link https://www.facebook.com/Kyauk-Htu-IDPs-Management-Committee-101180965665508

နောက်ဆုံးရသတင်းများ