ချင်းယူနိုက်တက်အသင်းပြန်စဖို့ လူရွေးပွဲပြုလုပ်မယ်

ချင်းပြည်နယ်ကိုယ်စားပြု ချင်းယူနိုက်တက်ဘောလုံး အသင်း ပြန်လည် စုဖွဲ့ဖို့ အတွက် ကစားသမားရွေးချယ်ပွဲကို နိုဝင်ဘာလ (၁၂)ရက်နေ့ ကနေ (၁၆) ရက်နေ့ အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ချင်းယူနိုက်တက်ရဲ့ လူရွေး ပွဲကို ရွှေ တိဂုံဘုရာ မြောက်ဘက်မုခ် နဲ့ အနောက်ဘက်မုခ် ကြား ဗဟန်းမြက်ခင်းတုကွင်းမှာ မနက် ၉း၃၀ နာရီကနေစတင်ကစားမှာဖြစ်ပါတယ်။

နောက်နှစ် MNL-2 မှာဝင်ရောက်ဖို့ ချင်းယူနိုက်တက်အသင်းပြင်ဆင်ထားပြီး ယင်းလူရွေးပွဲမှာ ဘယ်သူမဆိုဝင်ရောက်အရွေးခံနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း- ၀၉၂၅၁၁၉၀၀၄၆ကိုဆက်သွယ်စုံစမ်း နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်