ချင်းပြည်နယ်မှာ အသေးစားရေအားလျှပ်စစ်စီမံကိန်း (၁၇)ခုအတွက် ရင်းနှီးမြှုပ်နှံမှုခေါ်ယူနေ

 

တီးတိန်မြို့နယ် ဗန်သဲ့ရွာက ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေကြစဉ်

 

 

ချင်းပြည်နယ်မှာ အသေးစားရေအားလျှပ်စစ်စီမံကိန်း (၁၇)ခုအတွက် ရင်းနှီးမြှုပ်နှံမှုခေါ်ယူနေ
ချင်းပြည်နယ်မှာ အသေးစားရေအားလျှပ်စစ် (၁၇)နေရာမှာထုတ်လုပ်ဖို့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူတွေခေါ်ယူနေတယ်လို့ ချင်းပြည်နယ်အစိုးရဆီကနေသတင်းရရှိပါတယ်။
ဒီစီမံကိန်းကို မတ်လ (၁၆)ရက်ကနေ (၇၈)ရက်ထိ ရန်ကုန်မြို့ MCC ခန်းမမှာကျင်းပမယ့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲမှာလည်းထပ်မံ ဖိတ်ခေါ်ပြသသွားမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်က “မဟာဓာတ်အားလိုင်းမရနိုင်တဲ့ ကျေးရွာတွေမီးလင်းနိုင်ဖို့အဓိကရည်ရွယ်ပါတယ်။ စီမံကိန်းရှိတဲ့နေရာတွေလည်း အကုန်လုံးကွင်းဆင်းလေ့လာထားပြီးပြီ။ တချို့ကို ပြည်နယ်အစိုးရဘတ်ဂျက်နဲ့လုပ်မယ်။ တစ်ချို့ကို ပုဂ္ဂလိကကုမ္ပဏီတွေဖိတ်ခေါ်ပြီးလုပ်ခိုင်းမယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေရှိရင် အစိုးရနဲ့နားလည်မှုစာချွန်လွှာရေးထိုးပြီး တစ်နှစ်နှစ်နှစ်အတော်အတွင်းမှာ လုပ်ငန်းစတင်မယ်” လို့ပြောပါတယ်။
အသေးစားရေအားလျှပ်စစ်ဟာ ကီလိုဝပ် (၂၀)ကနေ (၃၀၀၀)ကြား ထုတ်လုပ်နိုင်မှာဖြစ်ပြီး အခုချိန်ထိတော့ ကမ်းလှမ်းတဲ့သူမရှိသေးဘူးလို့သိရပါတယ်။

ချင်းပြည်နယ်အတွင်း အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ဖို့လျာထားတဲ့နေရာတွေကတော့ တွန်းဇံမြို့နယ် ကာလေးချောင်း(၅၅၀)ကီလိုဝပ်၊ တီးတိန်မြို့နယ် ဗျဲလ်ကျင်းချောင်း(၃၅၀)ကီလိုဝပ်၊ တီးတိန်မြို့နယ် ဘဲယ်တန်ချောင်း(၁၀၀၀)ကီလိုဝပ်၊ တီးတိန်မြို့နယ် လိုင်ဆုံ(လွဲချောင်း) (၁၄၃)ကီလိုဝပ်၊ ဖလမ်းမြို့နယ် လိုင်ဗျားချောင်း(၅၀၀)ကီလိုဝပ်၊ ဖလမ်းမြို့နယ် ခေါင်းဘိုချောင်း(၁၉၅)ကီလိုဝပ်၊ ဖလမ်းမြို့နယ် ဘုတ်ချောင်း(၂၀၀)ကီလိုဝပ်၊ ထန်တလန်မြို့နယ် ခွာတိုချောင်း(၁၇၃)ကီလိုဝပ်၊ ဟာရီအောချောင်း(၂၃၀)ကီလိုဝပ်၊ တီဒါယ်ချောင်း(၈၀၀)ကီလိုဝပ်၊ လားအော်ချောင်း (၃၁၄)ကီလိုဝပ်၊ ဟားခါးမြို့နယ် ဒေါင်ချောင်း(၁၅၀၀)ကီလိုဝပ်၊ ပလက်ဝမြို့နယ် ကီရှီးချောင်း(၃၀၀၀)ကီလိုဝပ်၊ မတူပီမြို့နယ် ဝမ်းဖူးချောင်း(၄၃၀)ကီလိုဝပ်၊ ဟိုဟချောင်း(၃၀၀)ကီလိုဝပ်၊ မင်းတပ်မြို့နယ် ရီးရားဘော်ချောင်း(၂၀)ကီလိုဝပ်၊ ဆွေးရွေ့ချောင်း(၂၀)ကီလိုဝပ်၊ ဘုံဗားချောင်း((၆၀၀)ကီလိုဝပ် တို့ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ အသေးစားရေအားလျှပ်စစ်(၈)ခုတည်ဆောက်ထားပါပြီ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်