ချင်းပြည်နယ်က မြို့နယ် ၇ခု အပါအ၀င် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုး

နို၀င်ဘာ ၁၊ ၂၀၂၅

Zalen

အာဏာသိမ်းစစ်တပ်ဟာ အရေးပေါ်အခြေအနေဆက်လက်ကြေညာပြီး စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းထားတဲ့ ချင်းပြည်နယ်က မြို့နယ် ၇မြို့နယ် အပါအ၀င် ၆၃ မြို့နယ်မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရက် ၉၀ ထပ်မံသက်တမ်းတိုးတယ်လို့ အောက်တိုဘာ ၃၁ က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်က ကန်ပက်လက်၊ ထန်တလန်၊ ပလက်၀၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ဆက်လက်ကြေညာထားပြီး အဲဒီထဲက ထန်တလန်မြို့ကလွဲရင် ကျန်မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာပါ။

Zalen ad

စစ်အုပ်ချုပ်ရေးသက်တမ်းတိုးခဲ့တဲ့ မြို့နယ်အများစုဟာ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာထားတဲ့ မြို့နယ်အများစုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှုအားကောင်းရာမြို့နယ်တွေ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တိုင်းနဲ့ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ရက် ၉၀ ကြာ အရေးပေါ်အခြေအနေကြေညာခဲ့တာပါ။

စစ်အုပ်ချုပ်ရေး အမိန့်အမှတ် ၁ နဲ့ ၂ တို့ဟာ ဆက်လက်အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် အမှတ် ၁ မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တိုင်း၊ ပြည်နယ်တွေက မြို့နယ်တွေမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကို ဆက်လက်အပ်နှင်းထားပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတွေကို ပေးလိုက်ပြီး တိုင်းမှူးတွေအနေနဲ့ ကိုယ်တိုင်ဖြစ်ဖြစ်၊ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးဖြစ်ဖြစ် ကျင့်သုံးနိုင်တယ်လို့ ဆိုထားတာပါ။

အမိန့်အမှတ် ၂ မှာတော့ စစ်အုပ်ချုပ်ရေးနယ်မြေအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ဖို့၊ အမှု ၂၃ မျိုးကို စစ်ခုံရုံးနဲ့ စစ်ဆေးပြီး သက်ဆိုင်ရာအမှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်ကနေ သေဒဏ်အထိချမှတ်ဖို့ လမ်းညွှန်ထားပါတယ်။

Yuki

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်