ချင်းပြည်နယ်တွင် ဒီနှစ်ဘိန်းဖျက်ဆီးတဲ့ ဧကဟာ အရင်နှစ်ကဖျက်တဲ့ဧကထက်ပိုနည်း

၂၀၁၉၊ နိုဝင်ဘာလ (၂၅)
ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဘိန်းစိုက်ခင်း (၈၃)ဧကကို ပြည်နယ်ရဲတပ်ဖွဲ့ကဦးဆောင်ပြီး စစ်ကြောင်း သုံးကြောင်းခွဲကာ အင်အား တစ်ရာကျော်က နိုဝင်ဘာလ (၂၃)ရက်ကနေ (၃၀)ရက်ထိ ဖျက်ဆီးနေတယ်လို့သတင်းရရှိပါတယ်။

အရင်နှစ်က တွန်းဇံမြို့နယ်က ဘိန်းစိုက်ခင်း (၁၃၄)ဧကကို ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီးသွားရောက်ဖျက်ဆီးခဲ့တယ်လို့ တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူထံမှသိရပါတယ်။

တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အခုသွားဖျက်တဲ့ ဧက ကတော့ လတ်တလောတွေ့ထားတဲ့ပမာဏဖြစ်တယ်။ တောထဲကိုသွားတဲ့ချိန်မှာ ထပ်တွေ့ထပ်ဖျက်မှာပဲ။ ဘိန်းစိုက်တဲ့နေရာတွေက လူသူမနေတဲ့နေရာတွေမှာ စိုက်တာ” လို့ပြောပါတယ်။

အခုလို ဘိန်းစိုက်တဲ့နေရာတွေဟာ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ် နယ်စပ်ဒေသတွေမှာအများဆုံးဖြစ်ပါတယ်။ ယခင်ကတော့ မိရိုးဖလာသီးနှံစိုက်သလိုစိုက်ပျိုးကြပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်း ကသည်းလက်နက်ကိုင်တွေရောက်ရှိလာတဲ့ချိန်မှာ ဘိန်းစိုက်ခင်းတွေပိုမိုများပြားလာတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဇိုမီးကျောင်းသားလူငယ်အဖွဲ့က ကိုပေါင်ကိမ်းသွောင် “ချင်းပြည်နယ်က ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သလို ဝေးလံခေါင်ပါးတဲ့ဒေသက ပြည်သူတွေရဲ့ဘဝဟာ ပိုပြီးကြမ်းတမ်းတယ်။ ဒေသခံတွေက လုပ်ငန်းရှင်တွေမဟုတ်ပါဘူး။ သူတို့က ခိုင်နီးတစ်ဗူးစာ ဘိန်းမဲရင်ရင် တစ်လစာဖူလုံတယ်။ ဘိန်းမဲတစ်ပိဿာရရင် တစ်နှစ်စာ ဆန်ဝယ်ဖို့ဖူလုံတယ်။ ကြားထဲမှာ ကိုယ်က ဘိန်းစွဲမိတဲ့သူတွေလည်းများတယ်။ ဒါကြောင့် ဧရာဝတီမှာ မုဆိုးမ ကျေးရွာ လိုဆောင်းပါးထွက်လာတာပေါ့။ ဘိန်းလုပ်ငန်းက မြို့ပေါ်သူဌေးတွေအရင်းအနှီးစိုက်ထုတ်ကြတယ်။ သူဌေးတွေက တွန်းဇံ၊ တီးတိန်၊ ကလေးမြို့ကလည်းဖြစ်နိုင်တယ်။ အခုပုံအရဆိုရင် ဘိန်းသီးတောင်မရှိဘူး။ အထွက်နှုန်းမကောင်းတဲ့ဘိန်းခင်းကိုမဖျက်ဘူး။ ဘိန်းခင်းဖျက်တဲ့ဧက ကစာရွက်ပေါ်မှာပဲရှိတယ်။ ဘိန်းအစားထိုးသီးနှံတွေကို ဖအစိုးရကကော ကုလသမဂ္ဂကကော အားကျိုးမန်တက်လုပ်သင့်တယ်” လို့ပြောပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ ဒီႏွစ္ဘိန္းဖ်က္ဆီးတဲ့ ဧကဟာ အရင္ႏွစ္ကဖ်က္တဲ့ဧကထက္ပိုနည္း

၂၀၁၉၊ ႏိုဝင္ဘာလ (၂၅)
ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္က ဘိန္းစိုက္ခင္း (၈၃)ဧကကို ျပည္နယ္ရဲတပ္ဖြဲ႕ကဦးေဆာင္ၿပီး စစ္ေၾကာင္း သုံးေၾကာင္းခြဲကာ အင္အား တစ္ရာေက်ာ္က ႏိုဝင္ဘာလ (၂၃)ရက္ကေန (၃၀)ရက္ထိ ဖ်က္ဆီးေနတယ္လို႔သတင္းရရွိပါတယ္။

အရင္ႏွစ္က တြန္းဇံၿမိဳ႕နယ္က ဘိန္းစိုက္ခင္း (၁၃၄)ဧကကို ျပည္နယ္ရဲတပ္ဖြဲ႕နဲ႔ ဌာနဆိုင္ရာေတြပူးေပါင္းၿပီးသြားေရာက္ဖ်က္ဆီးခဲ့တယ္လို႔ တြန္းဇံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က တာဝန္ရွိသူထံမွသိရပါတယ္။

တြန္းဇံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက “အခုသြားဖ်က္တဲ့ ဧက ကေတာ့ လတ္တေလာေတြ႕ထားတဲ့ပမာဏျဖစ္တယ္။ ေတာထဲကိုသြားတဲ့ခ်ိန္မွာ ထပ္ေတြ႕ထပ္ဖ်က္မွာပဲ။ ဘိန္းစိုက္တဲ့ေနရာေတြက လူသူမေနတဲ့ေနရာေတြမွာ စိုက္တာ” လို႔ေျပာပါတယ္။

အခုလို ဘိန္းစိုက္တဲ့ေနရာေတြဟာ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္နဲ႔ အိႏၵိယႏိုင္ငံ မဏီပူရ္ျပည္နယ္ နယ္စပ္ေဒသေတြမွာအမ်ားဆုံးျဖစ္ပါတယ္။ ယခင္ကေတာ့ မိ႐ိုးဖလာသီးႏွံစိုက္သလိုစိုက္ပ်ိဳးၾကၿပီး ၁၉၉၅ ခုႏွစ္ေနာက္ပိုင္း ကသည္းလက္နက္ကိုင္ေတြေရာက္ရွိလာတဲ့ခ်ိန္မွာ ဘိန္းစိုက္ခင္းေတြပိုမိုမ်ားျပားလာတယ္လို႔ေဒသခံေတြဆီကသိရပါတယ္။

ဇိုမီးေက်ာင္းသားလူငယ္အဖြဲ႕က ကိုေပါင္ကိမ္းေသြာင္ “ခ်င္းျပည္နယ္က ဖြံ႕ၿဖိဳးမႈအနည္းဆုံးျဖစ္သလို ေဝးလံေခါင္ပါးတဲ့ေဒသက ျပည္သူေတြရဲ႕ဘဝဟာ ပိုၿပီးၾကမ္းတမ္းတယ္။ ေဒသခံေတြက လုပ္ငန္းရွင္ေတြမဟုတ္ပါဘူး။ သူတို႔က ခိုင္နီးတစ္ဗူးစာ ဘိန္းမဲရင္ရင္ တစ္လစာဖူလုံတယ္။ ဘိန္းမဲတစ္ပိႆာရရင္ တစ္ႏွစ္စာ ဆန္ဝယ္ဖို႔ဖူလုံတယ္။ ၾကားထဲမွာ ကိုယ္က ဘိန္းစြဲမိတဲ့သူေတြလည္းမ်ားတယ္။ ဒါေၾကာင့္ ဧရာဝတီမွာ မုဆိုးမ ေက်း႐ြာ လိုေဆာင္းပါးထြက္လာတာေပါ့။ ဘိန္းလုပ္ငန္းက ၿမိဳ႕ေပၚသူေဌးေတြအရင္းအႏွီးစိုက္ထုတ္ၾကတယ္။ သူေဌးေတြက တြန္းဇံ၊ တီးတိန္၊ ကေလးၿမိဳ႕ကလည္းျဖစ္ႏိုင္တယ္။ အခုပုံအရဆိုရင္ ဘိန္းသီးေတာင္မရွိဘူး။ အထြက္ႏႈန္းမေကာင္းတဲ့ဘိန္းခင္းကိုမဖ်က္ဘူး။ ဘိန္းခင္းဖ်က္တဲ့ဧက ကစာ႐ြက္ေပၚမွာပဲရွိတယ္။ ဘိန္းအစားထိုးသီးႏွံေတြကို အစိုးရကေကာ ကုလသမဂၢကေကာ အားက်ိဳးမန္တက္လုပ္သင့္တယ္” လို႔ေျပာပါတယ္။