ဂန့်ဂေါမြို့ စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်လို့အမျိုးသမီးတစ်ဦးဒဏ်ရာရ

၁၇ ၊အောက်တိုဘာ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်အတွင်းရှိ ဇဟောကျေးရွာကို အောက်တိုဘာ ၁၆ ရက် မနေ့က ခလရ ၅၀ တပ်ရင်းရှိစစ်ကောင်စီတပ် ဖွဲ့၀င်များက လက်နက်ကြီး ၁၂၀ မမတွေရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါလက်နက်ကြီး တွေရမ်းသမ်းပစ်ခတ်မှုကြောင့် ဇဟောကျေးရွာက အသက် ၅၃ နှစ်အရွယ်အမျိုးသမီး တစ်ဦးပေါင်နှစ်ဖက်လုံးထိခိုက်ပြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“မနေ့က ညနေ ၅ နာရီ ၄၀မိနစ်အချိန်လောက်မှာပါ။ ရွာထဲလည်းကျတယ် ၊ရွာပြင်ရော လက်နက်ကြီးက ၉ လုံးရှိတယ်၊ရွာပြင်မှာပေါင်းထိုးတဲ့ အမျိုးသမီးတစ်ဦး ထိသွားတယ်ဗျ” လို့ ပကဖ တာ၀န်ခံတစ်ဦးက Zalen ကိုပြောပါတယ်။

ဇဟောကျေးရွာကို ခလရ ၅၀တပ်ရင်းက လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုကြောင့်

ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးနီးပါးအထိရှိလာခဲ့တယ်လို့သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်