ဂန့်ဂေါမြို့ စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်လို့အမျိုးသမီးတစ်ဦးဒဏ်ရာရ

၁၇ ၊အောက်တိုဘာ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်အတွင်းရှိ ဇဟောကျေးရွာကို အောက်တိုဘာ ၁၆ ရက် မနေ့က ခလရ ၅၀ တပ်ရင်းရှိစစ်ကောင်စီတပ် ဖွဲ့၀င်များက လက်နက်ကြီး ၁၂၀ မမတွေရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါလက်နက်ကြီး တွေရမ်းသမ်းပစ်ခတ်မှုကြောင့် ဇဟောကျေးရွာက အသက် ၅၃ နှစ်အရွယ်အမျိုးသမီး တစ်ဦးပေါင်နှစ်ဖက်လုံးထိခိုက်ပြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

Zalen ad

“မနေ့က ညနေ ၅ နာရီ ၄၀မိနစ်အချိန်လောက်မှာပါ။ ရွာထဲလည်းကျတယ် ၊ရွာပြင်ရော လက်နက်ကြီးက ၉ လုံးရှိတယ်၊ရွာပြင်မှာပေါင်းထိုးတဲ့ အမျိုးသမီးတစ်ဦး ထိသွားတယ်ဗျ” လို့ ပကဖ တာ၀န်ခံတစ်ဦးက Zalen ကိုပြောပါတယ်။

ဇဟောကျေးရွာကို ခလရ ၅၀တပ်ရင်းက လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုကြောင့်

ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးနီးပါးအထိရှိလာခဲ့တယ်လို့သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်