စစ်ပွဲကြောင့် ပလက်ဝမြို့နယ်ကျေးရွာအချို့တောင်ယာမခုတ်နိုင်

 

စစ်ပွဲကြောင့် ပလက်ဝမြို့နယ်ကျေးရွာအချို့တောင်ယာမခုတ်နိုင်
ဒီနှစ် တောင်ယာခုတ်တဲ့ရာသီမှာ ပလက်ဝမြို့နယ် ကျေးရွာအချို့ဟာ စစ်ပွဲကြောင့် ရွာပြင်မထွက်နိုင်လို့ တောင်ယာမခုတ်ကြဘူးလို့ သတင်းရှိပါတယ်။
အေအေလက်နက်ကိုင်တပ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ် မတ်လ(၂၈)ရက်ကစပြီး ပလက်ဝနယ်စပ်မှာ စတင်ခြေကုပ်ယူလာတာကြောင့် တပ်မတော်နဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး ပလက်ဝမြို့နယ် ဧရိယာအများစုမှာ အေအေတွေလှုပ်ရှားနေတဲ့သတင်းကြားနေရပါတယ်။
ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလဟာ တောင်ယာခုတ်တဲ့ရာသီဖြစ်ပြီး မတ်လမှာ တောင်ယာမီးရှို့ပြီး ဧပြီနဲ့မေ မိုးဦးကျတဲ့ချိန်မှာ သီးနှံတွေစိုက်ပျိုးလေ့ရှိပါတယ်။ အခုလို တောင်ယာမခုတ်နိုင်ရင် နောက်နှစ်တွက် စားနပ်ရိက္ခာပြဿနာတွေ ကြုံ့တွေ့လာနိုင်ပါတယ်။
ပလက်ဝမြို့ကနေ (၁၅)မိုင်ခန့်ဝေးတဲ့ ကုလာတန်မြစ်နဘေးက ကက္ကူးဝရွာသားတစ်ဦးက “ကျနော်တို့ရွာ အများစုကတောင်ယာမခုတ်ရဲကြဘူး။ တောထဲမှာသွားဖို့ကြောက်ကြတယ်။ ဘယ်သူ့ကိုကြောက်တာလည်းဆိုတာ ပြောရင်လည်းမကောင်းဘူး။ အချို့က ကြောက်ကြောက်နဲ့တောင်ယာသွားခုတ်ကပေမယ့် အရင်နှစ်လို အကျယ်ကြီးမခုတ်နိုင်ဘူး။ အစိုးရစစ်တပ်ကလည်း ရွာပြင်ထွက်ခွင့်မပေးဘူး။ ဒါကြောင့် နောက်နှစ် ဘယ်လိုစားသောက်ကြမလဲဆိုတာ အကြံမရှိတော့ဘူး။ အခုလည်း ဆန်တောင် တစ်အိတ်ချင်းစီပဲဝယ်လို့ရတယ်”လို့ပြောပါတယ်။
ဒေသခံတွေဟာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့က အေအေသတင်းပေး၊ စစ်တပ်သတင်းပေးဟုဆိုကာ ဒုက္ခကြုံ့ရတတ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလ(၂၄)ရက်မှာ ကက္ကူးဝရွာအနီး ဒလက်မေမှာ တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့တယ်။
ဒါပြင့် ပလက်ဝမြို့ကနေ မိုင်(၄၀)ခန့်အကွာမှာရှိတဲ့ မီးဇာကျေးရွာသားတစ်ဦးက “တောင်ယာတော့ နောက်ကျမှ တချို့တစ်ဝက်က ကြောက်လန့်နေတဲ့ကြားတဲ့ သွားခုတ်ကြတယ်။ ဒါပေမယ့် အရင်နှစ်လို အကျယ်ကြီးမခုတ်နိုင်ဘူး။ အရင်နှစ်က တင်းလေးဆယ်ထွက်နေရာခုတ်ရင် ဒီနှစ်တော့ တင်းနှစ်ဆယ်လောက်ထွက်တဲ့နေရာတွေပဲသွားခုတ်နိုင်တယ်”လို့ပြောပါတယ်။
တောင်ယာခုတ်တဲ့နေရာဟာ ရွာကနေ အနီးဆုံး တစ်မိုင်ကနေ အဝေးဆုံး သုံးမိုင်ကျော်ထိ တောထဲမှာသွားခုတ်ရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်