စစ်ကိုင်းတိုင်း ရှမ်းရေးရာဝန်ကြီး ကား မတော်တဆမှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွှေးမွှေးခင်စီးနှင်တဲ့ မော်တော်ယာဉ်ဟာ ဒီမနက် ၁၀ နာရီခန့်တွင် ဟုမ္မလင်း နဲ့ ခန္တီးကြား ထမံသီအနီးမှာ ယာဉ်မတော်တဆမှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။
၎င်းဟာ ဟုမ္မလင်းထွေအုပ်နဲ့ နယ်မြေကွင်းဆင်းလေ့လာဖို့သွားစဉ်အခုလို ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်။
တမူးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ကိုလွင်ဦးက “ကားထဲမှာလူ ၅ယောက်ပါတယ်လို့သိရတယ်။ အားလုံး ဘာမှမဖြစ်ဘူး။ အပွေးပဲ့ဒဏ်ရာလောက်ပဲရပါတယ်။ အခု သူတို့အားလုံး ထမံသီဆေးရုံမှ ပို့ထားတယ်လို့ကြားတယ်” လို့ပြောပါတယ်။
နန်းမွှေးမွှေးခင်ဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ကျားနီပါတီမှ အနိုင်ရရှိခဲ့ပါတယ်။
Zalen ad
(Zawgyi)
နောက်ဆုံးရသတင်းများ
ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ
မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...
ဆက်ဖတ်ရန်