စစ်ကောင်စီက ချင်းပြည်နယ်သို့  ချော်ဆွဲခဲ့သည့် ယာဥ်မောင်းတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟာခါးသို့ မြို့သို့ စစ်ကောင်စီ၏  စစ်လက်နက်နှင့် ရိက္ခာများ ထောက်ပို့ ရန်  ချော်ဆွဲခံရသည့် ကားပိုင်ရှင် ယာဥ်မောင်း ဦးရိုမှင်းထန်း အသက်(၄၁ နှစ်) (Ro Hming Thang ) သည် ယနေ့ဧပြီလ ၁၄ ရက်တွင် သေဆုံးကြောင်းသိရှိရသည်။

၎င်းကိုယ်ပိုင် ကားလည်း မီးလောင်းပျက်စီးသည်ဟု သိရသည်။ ဖလမ်း-ဟားခါးလမ်းမ ပေါ်ရှိ တလန်းဇာရ် (Tlangzar) ကျေးရွာနား တိုက်ပွဲတွင် ဒဏ်ရာရရှိခြင်းဖြစ်သည်။  ယမန်(ဧပြီလ ၁၃ ရက် ) နေ့ ချွန်ကျုံး (Chuncung) ကျေးရွာနား တွင် စစ်ကောင်စီ နှင့် ချင်းအမျိုးသားတပ်ဦး(CNA)၊ ဒေသခံပူးပေါင်းတပ်တို့တိုက်ပွဲကြား တွင်  သေဆုံးခြင်းဖြစ်သည်။

ကလေး-ဟာခါးသို့ စစ်ကောင်စီ၏ ရိက္ခာထောက်ပို့ရန်  စစ်ယာဥ်တန်း ၃၀ မှ အများစုသည်  အတင်းအဓမ္မချောဆွဲခံခဲ့ကြသည်။ မတ်လ ၉ ရက်တွင် ကလေးမြို့ကနေစတင်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဖလမ်း-ဟားခါးကြားတွင် ၎င်းတို့နဲ့အတူပါလာတဲ့ သံချပ်ကာကား ၂ စီးအပါအဝင် ချောဆွဲထားတဲ့ကားများလည်း ဖြတ်ဆီးခံရကာ လမ်းပေါ်ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်