စစ်ကောင်စီက တန်ပြန်တိုက်စစ်အဖြစ် ဒရုန်းတွေပိုအသုံးပြုလာ

စက်တင်ဘာ၂၁၊၂၀၂၃

ကလေးမြို့နယ် မြောက်ပိုင်းတွင် စက်တင်ဘာလ ၁၁ ရက်မှစပြီးယနေ့ ချိန်ထိ စစ်ရေးတင်းမာလျက်ရှိ ပြီး စစ်ကောင်စီက ဒရုန်းဖြင့် တန်ပြန်တိုက်စစ်ဆင်လျက်ရှိကြောင်းသိရသည်။

ကလေးမြို့မြောက်ပိုင်း အောင်မြင်သာကျေးရွာတွင် စက်တင်ဘာလ ၁၁ရက်နေ့မှာ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင်ပါဝင်သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးမှ ”တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က ရန်သူအနီးနားထိပိုကပ်တာပေါ့နော်။ကျွန်တော်တို့ နေရာယူတဲ့နေရာက လုံခြုံမှုတော့ ပိုအားနည်းတယ်။ လက်နက်ငယ်ချင်း ယှဉ်ပစ်ရင်တော့ ကိစ္စသိပ်မရှိဘူး။ ဒါပေမယ့်သူတို့ဘက်က ဒရုန်းနဲ့ ဗုံးသီးတွေ အကြိမ်ပေါင်းမနည်းလာချတယ်။ ရှင်းရှင်းပြောရရင် ကိုယ့်ဘက်က သုံးတဲ့နည်းစနစ်ကို သူတို့တန်ပြန် အသုံးပြုတာလို့ပြောလို့ရတယ်ဗျ။ လက်နက်ကြီးနဲ့လည်း ပစ်ခတ်မှုရှိပေမယ့် ဒရုန်း နဲ့ ဗုံးလာချတာပိုများတယ်” လို့ Zalenမီဒီယာကိုပြောသည်။

Zalen ad

စစ်ရေးတင်းမှာမှုမှာ ယနေ့ထိ တင်းမှာမှုရှိနေပြီး ယမန်နေ့  စက်တင်ဘာ ၂၀ ရက် နေ့လည် ၂နာရီဝန်ကျင်တွင်လည်း စစ်ကောင်စီဘက်က နန်းချောင်းရွာအနီးသို့ ဒရုန်း နဲ့ ဗုံးလာချပြီး လက်နက်ငယ် ပစ်ခတ်မှုတွေရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်