စစ်ကောင်စီတပ်က တီးတိန်မြို့ကိုမီးရှို့ဖျက်ဆီးနေ

၂၇၊မေ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊တီးတိန်မြို့မှာ ယမန်နေ့ကစပြီး ယနေ့ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကတီးတိန်မြို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ယနေ့ မေလ ၂၇ရက်နေ့ ညနေ ၄နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဟာ တီးတိန်မြို့ ၊ မြို့မရပ်ကွက်ရှိ နေအိမ်များကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ယခုချိန် ညနေ၅နာရီကျော်ထိ မီးလောင်နေဆဲလို့လည်းသိရပါတယ်။

“စကစ ကအထိနာရင် သူတို့လုပ်နေကျအတိုင်းမီးရှို့တာပဲ။မီးကလည်းငြိမ်းလို့မရ အိမ်တွေကလည်း ကပ်နေတော့ မီးတွေကူးတယ်။ဘယ်နှအိမ်လောင်တယ်ဆိုတာတော့ တိကျမသိရဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ယမန်နေ့ ညမှစပြီး တီးတိန်မြို့အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် တီးတိန်မြို့ရှိအရပ်သားပြည်သူ ရာနဲ့ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်