စစ်ကောင်စီတပ်သားတွေက သံဖိုရွာသားတစ်ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သံဖိုကျေးရွာက U Biak Mawi- ဦးဗျက်မော (၅၄နှစ်)ကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ယနေ့ မတ် ၇ ရက် မနက် ၉ နာရီနဲ့ ၁၀ နာရီကြားမှာ ပစ်သတ်သွားကြတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဦးဗျက်မောရဲ့ဇနီးဟာ ဒီမနက်က လယ်တောထဲမှာနေကြာခြွေဖို့သွားတဲ့ချိန် စစ်ကောင်စီတပ်သားတွေဟာ ရွာထဲသို့ဝင်လာကြပါတယ်။ ဦးဗျက်မောက ဇနီးသည်အတွက်စိုးရိမ်တာကြောင့် ဇနီးနောက်ကနေလိုက်တဲ့ချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်လို့ ဝမ်းဗိုက်မှာကျည်ဆံထိမှန်ပြီး ရွာထဲလမ်းပေါ်မှာသေဆုံးသွားပါတယ်။

အလောင်းကို ယနေ့ညနေပိုင်းမှာပဲ ရွာသားတွေကတွေ့ရှိကြပါတယ်။ ဦးဗျက်မောဟာ သားသမီး ၄ ယောက်ရှိပြီး အလောင်းကို မနက်မနက်ဖြန် မြေမြုပ်သဂြိုလ်ကြမယ်လို့သိရပါတယ်။

Zawgyi

Zalen ad

စစ္ေကာင္စီတပ္သားေတြက သံဖို႐ြာသားတစ္ဦးကို ပစ္သတ္

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ သံဖိုေက်း႐ြာက U Biak Mawi- ဦးဗ်က္ေမာ (၅၄ႏွစ္)ကို အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက ယေန႔ မတ္ ၇ ရက္ မနက္ ၉ နာရီနဲ႔ ၁၀ နာရီၾကားမွာ ပစ္သတ္သြားၾကတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ဦးဗ်က္ေမာရဲ႕ဇနီးဟာ ဒီမနက္က လယ္ေတာထဲမွာေနၾကာေႁခြဖို႔သြားတဲ့ခ်ိန္ စစ္ေကာင္စီတပ္သားေတြဟာ ႐ြာထဲသို႔ဝင္လာၾကပါတယ္။ ဦးဗ်က္ေမာက ဇနီးသည္အတြက္စိုးရိမ္တာေၾကာင့္ ဇနီးေနာက္ကေနလိုက္တဲ့ခ်ိန္မွာ စစ္ေကာင္စီတပ္သားေတြက ေသနတ္နဲ႔ပစ္လို႔ ဝမ္းဗိုက္မွာက်ည္ဆံထိမွန္ၿပီး ႐ြာထဲလမ္းေပၚမွာေသဆုံးသြားပါတယ္။

အေလာင္းကို ယေန႔ညေနပိုင္းမွာပဲ ႐ြာသားေတြကေတြ႕ရွိၾကပါတယ္။ ဦးဗ်က္ေမာဟာ သားသမီး ၄ ေယာက္ရွိၿပီး အေလာင္းကို မနက္မနက္ျဖန္ ေျမျမဳပ္သၿဂိဳလ္ၾကမယ္လို႔သိရပါတယ္။

 

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်