စစ်ဘေးရှောင်မိသားစု ၅၀၀ နီးပါးထံ ဖလမ်းမြို့နယ်စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့က ရိက္ခာပေးလှူ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ကျေးရွာ ၈ ရွာက မိသားစု ၄၉၇ ထံ ဖလမ်းမြို့နယ်စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့ (Falam Township IDPs Management Team) က ဆန်၊ ကုလားပဲ၊ ဆီ၊ ငါးပီတွေကို ဖေဖော်ဝါရီ ၆ ရက်ကလှူဒါန်းကြောင်းသတင်းရရှိပါတယ်။

ပေးအပ်လှူဒါန်းတဲ့ကျေးရွာတွေဟာ ၃ပတ်လောက် ရွာကိုစွန့်ကာ တောထဲမှာစစ်ဘေးရှောင်နေကြတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

လှူဒါန်းထားတဲ့ပစ္စည်းအရေအတွကကတော့ ဆန် အိတ် ၃၀၀၊ ကုလားပဲ ၁၀ အိတ်၊ ငါးပိ ထုပ် ၃၀၀၊ ဆီ ၃၆၉ ပိဿာ တို့ဖြစ်ပါတယ်။

Zalen ad

ဖလမ်းမြို့နယ်ထဲက တခြားကျေးရွာက စစ်ဘေးရှောင်တွေလည်း လိုအပ်ချက်တွေရှိနေပေမယ့် လမ်းလုံခြုံရေးအခြေအနေ မကောင်းနိုင်သေးလို့ လှူဒါန်းမှုတွေမပြုလုပ်နိုင်သေးပါ။

Zawgyi

စစ္ေဘးေရွာင္မိသားစု ၅၀၀ နီးပါးထံ ဖလမ္းၿမိဳ႕နယ္စစ္ေဘးေရွာင္စီမံခန္႔ခြဲေရးအဖြဲ႔က ရိကၡာေပးလွဴ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္က စစ္ေဘးေရွာင္ေက်းရြာ ၈ ရြာက မိသားစု ၄၉၇ ထံ ဖလမ္းၿမိဳ႕နယ္စစ္ေဘးေရွာင္စီမံခန္႔ခြဲေရးအဖြဲ႔ (Falam Township IDPs Management Team) က ဆန္၊ ကုလားပဲ၊ ဆီ၊ ငါးပီေတြကို ေဖေဖာ္ဝါရီ ၆ ရက္ကလွဴဒါန္းေၾကာင္းသတင္းရရွိပါတယ္။

ေပးအပ္လွဴဒါန္းတဲ့ေက်းရြာေတြဟာ ၃ပတ္ေလာက္ ရြာကိုစြန္႔ကာ ေတာထဲမွာစစ္ေဘးေရွာင္ေနၾကတာေၾကာင့္ အခက္အခဲေတြျဖစ္ေပၚေနပါတယ္။

လွဴဒါန္းထားတဲ့ပစၥည္းအေရအတြကကေတာ့ ဆန္ အိတ္ ၃၀၀၊ ကုလားပဲ ၁၀ အိတ္၊ ငါးပိ ထုပ္ ၃၀၀၊ ဆီ ၃၆၉ ပိႆာ တို႔ျဖစ္ပါတယ္။

ဖလမ္းၿမိဳ႕နယ္ထဲက တျခားေက်းရြာက စစ္ေဘးေရွာင္ေတြလည္း လိုအပ္ခ်က္ေတြရွိေနေပမယ့္ လမ္းလံုျခံဳေရးအေျခအေန မေကာင္းႏိုင္ေသးလုိ႔ လွဴဒါန္းမႈေတြမျပဳလုပ္ႏိုင္ေသးပါ။

 

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်